၂၀၂၆ ခုနှစ် ဇန်နဝါရီလ၏ ဒုတိယနှစ်ပတ်တာအတွင်း နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်ပွားမှုသည် ပြီးခဲ့သည့် ပထမနှစ်ပတ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုများထက် ပိုမိုများပြားလာခဲ့ပြီး အထူးသဖြင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးဒေသများအပါအဝင် အညာဒေသတခွင်တွင် စစ်ရေးပဋိ ပက္ခဖြစ်စဉ်များကို အများဆုံးတွေ့ရှိရသည်။ နှစ်ပတ်တာအတွင်း အညာတခွင်ရှိ တိုက်ပွဲဖြစ် စဉ်များသည် စုစုပေါင်းဖြစ်စဉ်များ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့သည်။ တဆက်တည်းတွင် အရပ်သားပြည်သူ သေဆုံးမှုနှုန်းသည်လည်း ပြီးခဲ့သည့်နှစ်ပတ်တာထက် နှစ်ဆနီးပါး ပိုများလာခဲ့သည်ကို တွေ့ရသည်။

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ နှစ်ပတ်တာအတွင်း တိုက်ပွဲ ဖြစ်စဉ်များ တွေ့ရှိခဲ့သည့် မြို့နယ်ပေါင်း (၃၃) ခုအနက် အညာဒေသအတွင်း တိုက်ပွဲဖြစ်ပွား ခဲ့သည့် မြို့နယ်ပေါင်း (၁၈) ခုအထိ ရှိခဲ့သည်ကို တွေ့ရကာ အညာဒေသအတွင်း တော်လှန် ရေးအင်အားစုများ၏ စစ်ရေးအရှိန် မြင့်တက်လာခြင်းကို ထင်ရှားစေပါသည်။

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကိုင်း – မင်းကွန်းလမ်းပိုင်းအလယ်က ပေါက်တောရွာရှိ အာဏာ သိမ်းစစ်တပ်ဂိတ်စခန်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား (၁၀) ဦးသေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့၊ အဆိုပါတိုက်ခိုက်မှုအတွင်း ရွှေဘိုခရိုင် အမှတ်(၁၇)တပ်ရင်း တပ်ခွဲ (၄) – Acid (စစ်ကြောင်း) နှင့်အတူ ပြည်သူ့စစ်သည်တော် အထူးပြောက်ကျားတပ်ဖွဲ့ ၊ မင်းကွန်းတိုက်နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)၊ GUN STAR ပြောက်ကျားတပ်ဖွဲ့နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူး ပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၅ ရက်နေ့က လည်း စစ်ကိုင်းမြို့အထွက်ရှိ အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် တံတလူတိုးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ကာ တပ်စွဲထားသည့်နေရာများကို မီးရှို့ရှင်းလင်းခဲ့ပါသည်။ ၁


မကွေးတိုင်း သရက်ခရိုင်အတွင်းရှိ ကံမမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်နှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ဇန်နဝါရီလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ (၇) ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ထုတ်ပြန်သည်။ မြေပြင်အခြေအနေအရ စစ်ရေးတင်းမာနေခြင်းကြောင့် ဒေသခံပြည် သူများအနေဖြင့် စစ်ရေးသတိနှင့် နေထိုင်ကြရန်နှင့် အာဏာသိမ်းစစ်တပ်၏ လေကြောင်းရန်၊ လက် နက်ကြီးအန္တရယ်များအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြရန်လည်း နှိုးဆော်ထားပါသည်။ ၂
တဆက်တည်းတွင် အရပ်သားပြည်သူ သေဆုံးမှုနှုန်းသည်လည်း ပြီးခဲ့သည့်နှစ်ပတ်တာထက် နှစ်ဆနီးပါး ပိုများလာခဲ့သည်ကို တွေ့ရသည်။ စစ်ကိုင်း၊ ရခိုင်၊ ကချင်နှင့် မကွေးဒေသများသည် တိုက်ပွဲ များ၏ နောက်ဆက်တွဲဖြစ်စဉ်များဖြစ်သော အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှု စသည့်အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သားပြည်သူသေဆုံးမှု အများဆုံးဒေသ များဖြစ်ခဲ့သည်။ အထူးသဖြင့် နှစ်ပတ်တာအတွင်း သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ (၁၀၂) ဦး၏ ၉၇ ရာခိုင်နှုန်း(၉၉ ဦး)သည် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး (၅) ဦးနှင့်အထက် သေဆုံး ခဲ့ရသည့်ဖြစ်စဉ် (၅) ခုအထိ ရှိခဲ့သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ အာရက္ခ တပ်တော် (AA) ထိန်းချုပ်ရာ စစ်သုံ့ပန်းစခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်သုံ့ပန်းနှင့် မိသားစုဝင် (၂၁) ဦးသေဆုံးပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့၊ ဧရာဝတီ မြစ်အနောက်ဘက်ကမ်းရှိ ဗန်းမော်မြို့နယ် ကောင်ဂျာကျေး ရွာအုပ်စု၊ ထီးလင်းကျောင်းအရှေ့တွင် နာရေးဆုတောင်းပွဲပြုလုပ်နေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ (၂၀) ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။ ဇန်နဝါရီလ ၂၉ ရက် နေ့၊ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသအတွင်းရှိ လေဘိုကျေးရွာကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၈) ဦးသေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဆိုရသော် နိုင်ငံတဝှမ်း တော်လှန်ရေးအင်အားစုများ၏ အာဏာသိမ်းစစ်အုပ်စုအပေါ် ထိုးစစ် ဆင်လှုပ်ရှားမှုများ ပိုမိုအားကောင်းလာသည်နှင့်အမျှ အာဏာသိမ်းစစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု များသည်လည်း မြန်မာပြည်သူလူထုအတွက် အလွန်ကြီးမားစွာ ခြိမ်းခြောက်လျက်ကြောင်း တင်ပြအပ်ပါသည်။
၁။ စစ်ကိုင်းမြို့က စစ်တပ်ဂိတ်စခန်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လူထုနွေဦး၊ ၁၉ ဇန်နဝါရီ ၂၀၂၆
၂။ ကံမ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၇ ဦးသေဆုံး၊ ဒီဗွီဘီ၊ ၁၇ ဇန်နဝါရီ ၂၀၂၆