|
|
|
ရုံးချုပ် – လွယ်တိုင်လန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း လှုပ်ရှားရာနယ်မြေ – ရှမ်းအရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းတောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ လွယ်ဆစ်၊ မောက်မယ်၊ မိုးကောင်း၊ နမ့်ဆန်နှင့် ရှမ်းမြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်းမြို့နယ်များ ဥက္ကဌ – ဗိုလ်ချုပ်ကြီး ယွက်စစ် ဒုဥက္ကဌ (၁) – ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ဒုဥက္ကဌ (၂) – စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ခေးငင် အတွင်းရေးမှူး (၁) – ဗိုလ်မှူးကြီးစိုင်းငင်း Facebook – https://www.facebook.com/TaiFreedomBurmese Website – https://burmese.taifreedom.com/ စစ်အာဏာသိမ်းကာလ (၄) နှစ်ကျော် ကြာမြင့်လာသည့်တိုင် RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်ပြီး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) တွင် RCSS/SSA မှ ဗိုလ်မှူးကြီးစိုင်းငင်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄၊ ၂၅ ရက်များတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင်တော့ ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများအား တိုက်တွန်းထားပါသည်။ RCSS/SSA အနေဖြင့်လည်း နိုင်ငံရေးပြဿနာများ ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့်သာ ကြိုးပမ်းသွားမည် ဟု ဆိုပါသည်။ ထို့အပြင် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများအတွင်း ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။ စစ်အာဏာသိမ်းကာလအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် RCSS/SSA အကြား တိုက်ပွဲဖြစ် စဉ်ပေါင်း (၄၀) အထိရှိခဲ့သည်။ ရှမ်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှစ်ခုအကြား တိုက်ပွဲဖြစ်စဉ်များသည် အာဏာသိမ်းစစ်အုပ်စုအပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် RCSS/ SSA အကြား တိုက်ပွဲဖြစ်စဉ်များထက်ပင် ပိုမိုများပြားနေသည်ကို တွေ့ရသည်။ နှစ်ဖက်ခေါင်းဆောင်နှစ်ဦး၏ ဆန္ဒအရ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှစပြီး ရှမ်းတပ်နှစ်တပ်အကြား အပစ်ရပ်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များအတွင်းထိပါ နှစ်ဖက်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရသည်။
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
By MPM
10 အောက်တိုဘာ, 2025
👁

