|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ဝ၄၊ ၂၀၁၀ ရုံးချုပ် – KNU တပ်မဟာ (၅) နယ်မြေ၊ ကရင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကရင်ပြည်နယ်အတွင်း ဥက္ကဌ၊ စစ်ဦးစီးချုပ် – ဗိုလ်မှူးကြီးမင်းထွန်း (ခ) မင်းဇံဝေ Facebook – https://www.facebook.com/anc.hq1 လူမျိုးစုံ ရခိုင်ပြည်သူလူထုတရပ်လုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာပြည်ရှိ လူမျိုးစုတိုင်း၊ နိုင်ငံသူ/နိုင်ငံသားတိုင်း အာဏာရှင်စနစ်လက်အောက်မှလွတ်မြောက်ရေး စသည်တို့သည် ANC/AA ၏ ရည်မှန်းချက်များဖြစ်ပါသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်ရှေ့ဆောင်ပါတီ (AFP) နှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင်သော ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) တွင် ANC/AA အနေဖြင့် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ၎င်းအခြေစိုက်သည် ဒေသအတွင်း KNU လက်အောက်ခံ KNLA တပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ပါဝင်တိုက်ခိုက်လျက်ရှိသည်။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ၊ KNLA တို့နှင့် ပူးပေါင်း၍လည်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းထူထောင်ရေးအတွက် မည်သည်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ANC/AA စစ်ဦးစီးချုပ်က ပြောဆိုထားပါသည်။ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ရခိုင်ပြည်အမျိုးသားကောင်စီ
By MPM
19 စက်တင်ဘာ, 2025
👁