|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ ဖေဖော်ဝါရီ ၂၀ဝ၇ ရုံးချုပ် – ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကရင်ပြည်နယ် ဥက္ကဌ – ဗိုလ်ချုပ်ကြီးစောထော့လေး ဒုတိယဥက္ကဌ – ဒေါက်တာနော်ကပေါ်ထူး အတွင်းရေးမှူး (၁) – ဗိုလ်မှူးကြီးစောကျော်ညွန့် နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှု –
Facebook – https://www.facebook.com/nawtayarmedia KNU/KNLA-PC သည် NCA ကို ဆက်လက်ကိုင်ဆွဲကာ အာဏာသိမ်းစစ်အုပ်စုနှင့် အလွတ်သဘောတွေ့ဆုံမှုများ ရှိနေသကဲ့သို့ 7 EAO Alliance (7EA) အဖွဲ့ဝင်အဖွဲ့အစည်းလည်းဖြစ်သည့်အတွက် အာဏာသိမ်းစစ်အုပ်စုနှင့် အစုအဖွဲ့အလိုက် တွေ့ဆုံဆွေးနွေးမှုများလည်း လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင်း စစ်အုပ်စုနှင့် ကော်သူးလေအာမီ – KTLA တို့အကြားဖြစ်ပွားသည့် ကျုံဒိုးမြို့အနီး တိုက်ပွဲအတွင်း စစ်အုပ်စု၏တပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသည့် ကျောပိုးအိတ်များအတွင်း KNU/KNLA-PC လက်မောင်းတံဆိပ်များတွေ့ရှိခဲ့မှုကို အကြောင်းပြုပြီး စစ်အုပ်စုဘက်မှ ပူးပေါင်းတိုက်ခိုက်နေကြောင်း သတင်းများ ပြန့်နှံ့လာခဲ့သည်။ သို့သော် စစ်အုပ်စုနှင့် ပူးပေါင်းတိုက်ခိုက်ဖို့အတွက် စိတ်ကူးပင်မရှိကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောဆိုရှင်းလင်းခဲ့သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပသည့် KNU/KNLA-PC မျက်နှာစုံညီအစည်းအဝေးအပြီးတွင်တော့ ကရင်အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထာင်စုတည်ဆောက်ရေးအတွက် ငြိမ်းချမ်းသောနည်း၊ တွေ့ဆုံဆွေးနွေးအဖြေရှာရှာသောနည်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်အုပ်စု၏ တစ်ဖွဲ့ချင်းစီဖိတ်ခေါ်ချက်အရ တွေ့ဆုံခဲ့သည့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့၊ စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုပွဲတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြန်လည်စတင်နိုင်မည့်နည်းလမ်းများကို အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြကြောင်း KNU/KNLA-PC အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုပါသည်။ ဒေသတွင်းစုဖွဲ့မှုတစ်ခုဖြစ်သည့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA (PC) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ – KNPC ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်အရေးနှင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန်အတွက် ပြည်နယ်အဆင့် စစ်အုပ်စုနှင့် တွေ့ဆုံစကားပြောမည်ဟု သိရသည်။ အဆိုပါအစည်းအဝေးတွင် KUN မှ အနားယူခဲ့ကြသည့် စောမူတူးစေးဖိုး၊ စောရွှေမောင်းတို့အပါအဝင် PC မှ ဗိုလ်မှူးကြီး စောကျော်ညွှန့်၊ BGF/KNA ၏ ဗိုလ်မှူးကြီးစောချစ်သူ၊ ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ကရင်ပါတီအသိုင်းအဝိုင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆ |
ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)
By MPM
26 အောက်တိုဘာ, 2026
👁 712
