|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၀ ဇန်နဝါရီ ၁၉၇၃၊ ၁၉၈၇၊ ၁၉၉၇၊ ဧပြီ ၂၀ဝ၈ ရုံးချုပ် – ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ လွယ်လန်းဒေသ မူလ LDU အဖွဲ့ကို ဥက္ကဌအဖြစ် ကျာခွန်ဆာနှင့် ဒု-ဥက္ကဌအဖြစ် ကျာဟားတို့က ဦးဆောင်သည်။ အာဏာသိမ်းစစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် အကြောင်းပြုပြီး LDU ၏ ခေါင်းဆောင်ပိုင်းတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်စေခဲ့သည်။ ဥက္ကဌကျာခွန်ဆာ ဦးဆောင် သည့် မူလ LDU အဖွဲ့နှင့် အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်က ဦးဆောင်သည့် LDU အဖွဲ့အသစ်အဖြစ် အုပ်စုနှစ်စု ကွဲသွားခဲ့သည်။ ကျာခွန်ဆာဦးဆောင်သည့် မူလ LDU အဖွဲ့သည် ကျာဆော်လမွန်၊ ကျာယာကုပ်နှင့် ကျာဖူးတို့ (၃) ဦးအား ထုတ်ပယ်ခဲ့ပြီး ၎င်းတို့အနေဖြင့် တော်လှန်ရေးလမ်းစဉ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကျာဆော်လမွန် ဦးဆောင်သည့် LDU အဖွဲ့သစ်ကမူ 7 EAO Alliance တွင် ဆက်လက်ပါဝင်နေပြီး အာဏာသိမ်းစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်နေဆဲဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်၊ KIO ထူထောင်ခြင်း (၆၃) နှစ်မြောက် အခမ်းအနားသို့ ပေးပို့သော မူလ LDU အဖွဲ့၏ သဝဏ်လွှာအရမူ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ကျောခိုင်းကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့်အတူ ရပ်တည်သွားမည်ဟု ဆိုထားသည်။ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့ အရေးကြီးကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များအားလုံးအတွက် ဘုံသဘောတူညီချက်တခု၊ ရည်မှန်းချက်တခုတည်းထားကာ စည်းစည်းလုံးလုံး တော်လှန်တိုက်ခိုက်ပါက မုချအောင်မြင်မှုရရှိမည်ဟု ယုံကြည်ကြောင်း မူလ LDU ဒုဥက္ကဌ ကျာဟားက ပြောဆိုထားသည်။ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)
By MPM
10 အောက်တိုဘာ, 2025
👁