မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (MPM) သည် မြန်မာနိုင်ငံတဝှမ်းရှိ လွတ်လပ်သောတိုင်းရင်းမီဒီယာ (၁၅) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်း (BNI) ၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များ၊ အချက်အလက်များကို စောင့်ကြည့်မှတ်တမ်းတင်ရေးနှင့် ခွဲခြမ်းလေ့လာရေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်သည်။

BNI-MPM သည် နိုင်ငံတဝှမ်းမှ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များ၊ စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးအခြေအနေများကို စနစ်တကျစောင့်ကြည့်ခြင်း၊ စိစစ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာကာ ရေးသားတင်ပြခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့၏ စောင့်ကြည့်လေ့လာမှုအစီအစဉ်တွင် ဘီအဲန်အိုင်အဖွဲ့ဝင်မီဒီယာများ၏ သတင်းဖော်ပြချက်များနှင့် ယုံကြည်စိတ်ချရသော အခြားသတင်းအရင်းအမြစ်များမှ အချက်အလက်များကို ကောက်ယူစုစည်း၍ တပ်လှုပ်ရှားမှု၊ လေကြောင်းတိုက်ခိုက်မှု၊ နယ်မြေထိန်းချုပ်မှုအခြေအနေနှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ ပြောင်းလဲလှုပ်ရှားမှုများကို မှတ်တမ်းပြု၍ စနစ်တကျ Dataset တည်ဆောက်ထားရှိသည်။

ဤသို့ ကဏ္ဍစုံအချက်အလက်စုစည်းမှုမှတဆင့် BNI-MPM သည် ကမ္ဘာတစ်ဝှမ်းမှ သတင်းသမားများ၊ သုတေသီများ၊ မူဝါဒချမှတ်သူများနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ထောက်ခံအားပေးသူများအတွက် လက်တွေ့အထောက်အထားအခြေပြု အရင်းအမြစ်ဘဏ္ဍာတိုက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။