|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၄၇ ရုံးချုပ် – ကလိုယော်လေး၊ ဘားအံခရိုင်၊ ကရင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကရင်၊ ပဲခူးအရှေ့၊ မွန်၊ နေပြည်တော်၊ တနင်္သာရီ စသည့် ဒေသများအတွင်းရှိ မြို့နယ် (၃၂) ခု ဥက္ကဌ – ပဒိုစောကွယ်ထူးဝင်း ဒုဥက္ကဌ – ပဒိုစောဆဲဂေ အထွေထွေအတွင်းရေးမှူး – ပဒိုစောတာဒိုမူး နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှု –
Facebook – https://www.facebook.com/KNUHQKTL Website – https://knuhq.org/mm ကော်သူးလေပဋိဉာဉ် အတည်ပြုရေး၊ ကော်သူးလေပြည် ထူထောင်ရေး၊ ပါလီမန်စနစ်နှင့် ဆင်တူသည့် ကော်သူးလေအတိုင်ပင်ခံကောင်စီ (KCC) ဖွဲ့စည်းရေး၊ KCC အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ရမည့် ကော်သူးလေအမှုဆောင်ကော်မတီ (KEC) ဖွဲ့စည်းရေး၊ KEC မှတဆင့် ကော်သူးလေအစိုးရ (KG) ကို ဖွဲ့စည်းရေးစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၏ ၈၀ ရာခိုင်နှုန်းအထက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ တော်လှန်ရေးကာလအတွင်း ဖွဲ့စည်းရထူထောင်ရခြင်းကြောင့် ကော်သူးလေအစိုးရ (KG) ၏ ခေါင်းဆောင်မှုအပိုင်း၊ လမ်းညွှန်မှုအပိုင်းနှင့် ထိန်းကျောင်းမှုအပိုင်းတို့တွင် KNU မှ ဆက်လက်ပါဝင်နေမည်ဖြစ်သော်လည်း KNU Plus (+) ပုံစံဖြင့် ချဉ်းကပ်ဖွဲ့စည်းသွားမည်ဟုလည်း ဆိုပါသည်။ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် အခွင့်အရေးရရှိရေး၊ တရားမျှတမှုရှိသည့် အကျယ်အဝန်းရှိသော ကော်သူးလေ (ကရင်ပြည်) ရရှိရေး၊ ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရေး၊ ကော်သူးလေပြည်အပြင် ပြည်ထောင်စုအတွင်းရှိ ကရင်လူမျိုးအားလုံးနှင့် ပြည်ထောင်စုသားအားလုံး ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရရှိရေး စသည့် နိုင်ငံရေးရည်မှန်းချက်များသည် KNU အစဉ်တစိုက် စွဲကိုင်ခဲ့သည့် အခြေခံမူများဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်တည်လာချိန်တွင်လည်း ကော်သူးလေပြည်၊ ကော်သူးလေအစိုးရသည် ပြည်ထောင်စု၏အဖွဲ့ဝင် ပြည်နယ်တခုအဖြစ် အပြည့်အဝပါဝင်သွားမည်ဟုလည်း ပဒိုစောတောနီးက ဆိုပါသည်။ သို့သော် ကော်သူးလေးဒေသ (ကရင်ပြည်နယ်) အတွင်းရှိ KNU ၏ ဦးဆောင်မှု၊ မဟာမိတ်စုဖွဲ့မှုအောက်တွင်မရှိသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် ကော်သူးလေပြည်၊ ကော်သူးလေအစိုးရ ဖွဲ့စည်းရေးအတွက် သတိထားချဉ်းကပ်ရမည့် လုပ်ငန်းစဉ်တရပ်ဖြစ်နေသကဲ့သို့ စစ်ကောင်စီတပ်၏ လက်အောက်ခံဖြစ်သော ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အပါအဝင် အခြားသောအင်အားစုများ၏ လှုပ်ရှားမှုများကိုလည်း သတိပြုစရာဖြစ်နေပါသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး၏ စစ်ရေးကဏ္ဍဟုဆိုရမည့် “ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ” (Central Command and Coordination Committee – C3C) တွင် KNU လည်း ပူးပေါင်းပါဝင်လျက်ရှိသည်။ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများပါဝင်သော တောင်ပိုင်းစစ်ဒေသအတွင်း KNPP/KA၊ NUG နှင့်အတူ ပူးတွဲညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) နှင့် ပူးတွဲစစ်ရေးကွပ်ကဲမှု (Joint Operation Command – JOC) တို့ကိုဖွဲ့စည်းပြီး နိုင်ငံရေး၊ စစ်ရေးအရ ဦးဆောင်မှုပေးနေသည်ဟု ဆိုရပါမည်။ နွေဦးတော်လှန်ရေး၏ နိုင်ငံရေးမျက်နှာစာတွင်လည်း အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရေးအပါအဝင် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား KNU ကလည်း သဘောတူလက်ခံထားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” ချဉ်းကပ်မှု (Button-up Federalism Approach) ကို ထောက်ခံဆော်သြခဲ့သော MEC တွင်လည်း ပူးပေါင်းပါဝင်လျက်ရှိပါသည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းဖြစ်တည်လာသော SCEF တွင်လည်း KUN ကို ဦးဆောင်မှုအခန်းကဏ္ဍတွင် တွေ့ရှိရပြီး SCEF ၏ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီအတွင်း ဦးဆောင်မှုအရ ပူးတွဲဥက္ကဌအဖြစ် KIA စစ်ဦးစီးချုပ်နှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ်က တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားနေ့တွင်တော့ ကရင်အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်ပြည်ထောင်စုရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် စစ်အာဏာသိမ်းမှု၊ အာဏာရှင်စနစ် သက်ဆိုးရှည်စေမှု ကိစ္စမှန်သမျှကို အားလုံးအတူတကွ ဖြိုချဖျက်ဆီးရမည်ဖြစ်ကြောင်း KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုခဲ့ပါသည်။ |
ကရင်အမျိုးသားအစည်းအရုံး
By MPM
26 အောက်တိုဘာ, 2026
👁 849
