နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာခြင်း၊ စစ်အုပ်စုအကျပ်အတည်း၊ လူထုအခက်အခဲနှင့် ကျရှုံးနိုင်ငံဆီ ဦးတည်‌နေသော လက္ခဏာများ

By MPM 23 နိုဝင်ဘာ, 2026 👁 5

ကမ္ဘာကျော် ကားတံဆိပ်တစ်ခုဖြစ်သည့် ISUZU ကားလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများအား ရပ်ဆိုင်းကာ ထွက်ခွာတော့မည်ဟု ဆိုသည်။ ဗြိတိန်အခြေစိုက် လူသုံးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Unilever ကုမ္ပဏီကလည်း ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာဖက်စပ်လုပ်ငန်းများမှ အစုရှယ်ယာများကို အပြီးအပြတ်ရောင်းချကာ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အီတလီနိုင်ငံအခြေစိုက် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီကြီးတခုဖြစ်သည့် SIAE Microelettronica ကလည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ ကုမ္ပဏီခွဲဖြစ်သော SIAE Microelettronica Myanmar Company Limited ကို ဖျက်သိမ်းတော့မည်ဟု ဆိုလာပြန်သည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်းများ ထွက်ခွာခြင်း၊ ပြည်တွင်းကုမ္ပဏီလုပ်ငန်းများ ဖျက်သိမ်းခြင်းတို့ကို ခပ်စိပ်စိပ်တွေ့ရှိလာရသလို ကျပ်ငွေဘီလီယံနှင့်ချီသော အာဏာသိမ်းစစ်အုပ်စု၏ ငွေစက္ကူရိုက်နှိပ်မည့်သတင်းများကြောင့်လည်း ကျပ်ငွေတန်ဖိုး သိသာစွာကျဆင်းကာ ပြည်သူလူထုအတွက် အခက်အခဲများကြုံတွေ့လာခဲ့သည်ကို တွေ့ရှိရပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor (BNI-MPM) ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် လက်ရှိ အာဏာသိမ်းစစ်အုပ်စု၏ အကျပ်အတည်းနှင့် မြန်မာပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများမှတဆင့် ကျရှုံးနိုင်ငံဆီ ဦးတည်နေသောအချက်ပြလက္ခဏာများကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများ ထွက်ခွာခြင်း

ဂျပန်နိုင်ငံ Itochu Corporation လက်အောက်ရှိ ISUZU Truck Service Factory  သည် မြန်မာနိုင် ငံရှိ လုပ်ငန်းလည်ပတ်မှုအားလုံး ရပ်ဆိုင်းရန်အတွက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းလုပ်ငန်းစဉ်အရ လာ မည့်ဒီဇင်ဘာလ ၁၃ ရက်တွင် နောက်ဆုံးအကြိမ် အထွေထွေအစည်းအဝေးပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ ISUZU သည် မြန်မာနိုင်ငံအတွင်း စက်ယန္တရားနှင့် စက် ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်၊ နောက်တွဲယာဉ်နှင့် တပိုင်းနောက်တွဲယာဉ်များ ထုတ် လုပ်ခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ရောင်းဝယ်ပြုပြင်သည့် လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်တွင် မော်တော်ယာဉ်နှင့် စက်ယန္တရားများ ထုတ် လုပ်ဖြန့်ဖြူးနေသည့် လုပ်ငန်းစုတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် မြန်မာလူထုအတွက် ၎င်းတို့၏ အကျိုးပြုမှုအား လက်လွှတ်ခဲ့ရပြီဟု ဆိုရပါမည်။ ၁

ဗြိတိန်နိုင်ငံအခြေစိုက် လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းစုဖြစ်သည့် Unilever သည် ၎င်းတို့ပိုင်ဆိုင်သည့် မြန်မာနိုင်ငံဆိုင်ရာ ဖက်စပ်လုပ်ငန်းများမှ ရှယ်ယာများအားလုံးကို မိတ်ဖက်ကုမ္ပဏီထံ အပြီးအပြတ်ရောင်းချပြီး ထွက်ခွာတော့မည်ဟု သိရသည်။ Unilever လုပ်ငန်းစုသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် အစိုးရလက်ထက်၊ ၁၉၆၅ ခုနှစ် နောက်ပိုင်းကာလ များတွင်လည်း ပြည်တွင်းနိုင်ငံရေးအခြေအနေများကို အကြောင်းပြုပြီး မြန်မာပြည်မှ လုပ်ငန်းများ ရပ်ဆိုင်း ကာ ထွက်ခွာခဲ့ဖူးသည်။ ထို့နောက် ၄၅ နှစ်အကြာ မြန်မာ့နိုင်ငံရေးအကူးအစပ်ကာလဖြစ်သည့် ၂၀၁၀ ပြည့် နှစ်တွင် ထိုင်းနိုင်ငံမှတဆင့် ကုန်ပစ္စည်းများတင်သွင်းကာ မြန်မာစျေးကွက်သို့ ပြန်လည်ဝင်ရောက်လာခဲ့ သည်။ ၂၀၁၃ ခုနှစ်တွင်တော့ မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ကာ ရုံးချုပ်နှင့် ကုန်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများတည်ထောင်ပြီး လုပ်ငန်းများအပြည့်အဝပြန်လည်စတင်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင်တော့ ပြည် တွင်းလုပ်ငန်းစုတစ်ခုဖြစ်သည့် Europe & Asia Commercial (EAC)နှင့် ပူးပေါင်းကာ Unilever EAC Myanmar Company Limited (UEMCL) ကို တည်ထောင်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးလူသုံးကုန်လုပ် ငန်းစုများထဲက တစ်ခုဖြစ်လာခဲ့သည်။ ၂

Unilever ထွက်ခွာသွားခြင်းကြောင့် မြန်မာပြည်သူလူထုနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေသည့် Sunsilk နှင့် Miss ခေါင်းလျှော်ရည်၊ Family Care နှင့် Lifebuoy ကိုယ်တိုက်ဆပ်ပြာ၊ Elan နှင့် Win ဆပ် ပြာမှုန့်၊ Signal သွားတိုက်ဆေး၊ Fair & Lovely မျက်နှာလိမ်းခရင် (မ်)၊ ခနောကြက်သားမှုန့် စသည့်ကုန်အ မှတ်တံဆိပ်များသည် ပြည်တွင်းတွင် ထုတ်လုပ်နိုင်ခြင်းမရှိတော့သည့်အတွက် စျေးကွက်အတွင်း ပြတ်လပ် ခြင်းနှင့် ထိုင်းနိုင်ငံကဲ့သို့သော ပြည်ပမှတင်သွင်းရခြင်းတို့ကြောင့် စျေးနှုန်းများမြင့်တက်လာဖွယ်ရှိပါသည်။

BNI-MPMမှ လက်လှမ်းမီသမျှ ရရှိထားသောမှတ်တမ်းအရ စစ်အာဏာသိမ်းကာလအတွင်း စစ်အာ ဏာသိမ်းမှု၏ နောက်ဆက်တွဲနိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခများ ကျယ်ပြောလာခြင်းနှင့် စီးပွားရေး လုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရန် ကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ပျက်သွားခြင်းတို့ကို အကြောင်းပြု ပြီး မြန်မာနိုင်ငံမှထွက်ခွာသွားသည့်ကုမ္ပဏီနှင့် ထွက်ခွာရန်ကြိုးပမ်းနေကြသည့်ကုမ္ပဏီလုပ်ငန်းပေါင်း (၄၀) နီးပါးရှိခဲ့ပြီဖြစ်သည်။ အဆိုပါကုမ္ပဏီလုပ်ငန်းများသည် ဗြိတိန် (UK)၊ စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ အမေရိ ကန်၊ အီတလီ၊ နော်ဝေး စသည့် အနောက်နိုင်ငံများမှဖြစ်သလို ထိုင်း၊ မလေးရှား၊ အိန္ဒိယစသည့် အိမ်နီးချင်း ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၆)ခုမှ ကုန်အမှတ်ဆိပ်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံမှ ထွက်ခွာကြသည့်လုပ်ငန်းများအား အမျိုးအစားအလိုက် လေ့လာကြည့်လျှင် ကမ်း လွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးလုပ် ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကားလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်း၊ အဆင့်မြင့်အိမ်ရာလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် နည်းပညာလုပ်ငန်းများပါဝင်သလို အဖျော်ယမကာလုပ်ငန်း၊ အသေးစားငွေကြေးဝန် ဆောင်မှုလုပ်ငန်း၊ အဝတ်အထည်၊ အလှကုန်၊ အိမ်သုံးပစ္စည်းနှင့် စားသောက်ကုန်လုပ်ငန်းများပါဝင်နေ သည်ကို တွေ့ရသည်။ အထူးသဖြင့် Uniqlo ၊ Mango၊ H&M၊ Inditex (Zara)၊ Primark စသော ကမ္ဘာကျော် အထည်အမှတ်တံဆိပ် ၁၂ ခုမှ လက်ခစားအပ်ထည်များ မြန်မာ့အထည်ချုပ်လုပ်ငန်းအား ကျောခိုင်းသွား ခြင်းသည် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများအပေါ် ရိုက်ခတ်စေခဲ့ပါသည်။

Unilever ထွက်ခွာသွားခြင်းကြောင့် မြန်မာပြည်သူလူထုနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေသည့် Sunsilk နှင့် Miss ခေါင်းလျှော်ရည်၊ Family Care နှင့် Lifebuoy ကိုယ်တိုက်ဆပ်ပြာ၊ Elan နှင့် Win ဆပ် ပြာမှုန့်၊ Signal သွားတိုက်ဆေး၊ Fair & Lovely မျက်နှာလိမ်းခရင် (မ်)၊ ခနောကြက်သားမှုန့် စသည့်ကုန်အ မှတ်တံဆိပ်များသည် ပြည်တွင်းတွင် ထုတ်လုပ်နိုင်ခြင်းမရှိတော့သည့်အတွက် စျေးကွက်အတွင်း ပြတ်လပ် ခြင်းနှင့် ထိုင်းနိုင်ငံကဲ့သို့သော ပြည်ပမှတင်သွင်းရခြင်းတို့ကြောင့် စျေးနှုန်းများမြင့်တက်လာဖွယ်ရှိပါသည်။

BNI-MPMမှ လက်လှမ်းမီသမျှ ရရှိထားသောမှတ်တမ်းအရ စစ်အာဏာသိမ်းကာလအတွင်း စစ်အာ ဏာသိမ်းမှု၏ နောက်ဆက်တွဲနိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခများ ကျယ်ပြောလာခြင်းနှင့် စီးပွားရေး လုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရန် ကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ပျက်သွားခြင်းတို့ကို အကြောင်းပြု ပြီး မြန်မာနိုင်ငံမှထွက်ခွာသွားသည့်ကုမ္ပဏီနှင့် ထွက်ခွာရန်ကြိုးပမ်းနေကြသည့်ကုမ္ပဏီလုပ်ငန်းပေါင်း (၄၀) နီးပါးရှိခဲ့ပြီဖြစ်သည်။ အဆိုပါကုမ္ပဏီလုပ်ငန်းများသည် ဗြိတိန် (UK)၊ စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ အမေရိ ကန်၊ အီတလီ၊ နော်ဝေး စသည့် အနောက်နိုင်ငံများမှဖြစ်သလို ထိုင်း၊ မလေးရှား၊ အိန္ဒိယစသည့် အိမ်နီးချင်း ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၆)ခုမှ ကုန်အမှတ်ဆိပ်များ ဖြစ်ကြသည်။

မြန်မာနိုင်ငံမှ ထွက်ခွာကြသည့်လုပ်ငန်းများအား အမျိုးအစားအလိုက် လေ့လာကြည့်လျှင် ကမ်း လွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးလုပ် ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကားလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်း၊ အဆင့်မြင့်အိမ်ရာလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် နည်းပညာလုပ်ငန်းများပါဝင်သလို အဖျော်ယမကာလုပ်ငန်း၊ အသေးစားငွေကြေးဝန် ဆောင်မှုလုပ်ငန်း၊ အဝတ်အထည်၊ အလှကုန်၊ အိမ်သုံးပစ္စည်းနှင့် စားသောက်ကုန်လုပ်ငန်းများပါဝင်နေ သည်ကို တွေ့ရသည်။ အထူးသဖြင့် Uniqlo ၊ Mango၊ H&M၊ Inditex (Zara)၊ Primark စသော ကမ္ဘာကျော် အထည်အမှတ်တံဆိပ် ၁၂ ခုမှ လက်ခစားအပ်ထည်များ မြန်မာ့အထည်ချုပ်လုပ်ငန်းအား ကျောခိုင်းသွား ခြင်းသည် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများအပေါ် ရိုက်ခတ်စေခဲ့ပါသည်။

ဆိုခဲ့ပါနိုင်ငံခြားကုမ္ပဏီလုပ်ငန်းများ နိုင်ငံအတွင်းမှ ရပ်ဆိုင်းထွက်ခွာသွားခြင်းသည် နိုင်ငံ့စီးပွားဖွံ့ ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ အလုပ်အကိုင်ရရှိမှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်နေသကဲ့သို့ အာဏာသိမ်းစစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေရရှိမှုကိုလည်း တစိတ်တပိုင်းထိခိုက်စေခဲ့ကာ အကျပ်ရိုက် စေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

စစ်အုပ်စုအကျပ်အတည်း၊ လူထုအခက်အခဲ

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော တော်လှန်ရေးအင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေးစသော ဘက်ပေါင်းစုံမှ ဖိအားပေးမှု များအကြား ယိုင်နဲ့လာသည့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စု သည် ပြည်တွင်းစီးပွားရေးအညွှန်းကိန်းများ ကျဆင်းလာခြင်းကိုလည်း ဖုံးကွယ်ရန် ခက်ခဲလာခဲ့သည်။

ကြက်ဥတစ်လုံး ကျပ် (၇၀၀)၊ ကန်စွန်းရွက်တစ်စီး ကျပ် (၁၀၀၀) စသော ပြည်သူလူထု၏ အခြေခံ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းကို စိတ်ပူခြင်းအလျဉ်းမရှိဘဲ ၎င်းတို့၏ စစ်အသုံးစရိတ် မလုံ လောက်မည်ကို စိုးရိမ်နေသည့် အာဏာသိမ်းစစ်တပ်သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မူလတောင်းခံ ထားသော ကာကွယ်ရေးအသုံးစရိတ်ထက် ကျပ်ဘီလီယံ ၂၅၀၀ (ကျပ်သန်းပေါင်း နှစ်ဆယ့်ငါးသိန်း- ၂၅၀၀၀၀၀) ထပ်မံ တောင်း ဆိုခဲ့သည်ကို တွေ့ရသည်။

ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စု၏၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် စစ်အသုံးစရိတ်သည် ကျပ်ဘီ လီယံ ၁၀၀၀၀ ကျော်အထိရှိလာကာ ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရ လက်ထက် စစ်အသုံးစရိတ်ထက် (၄)ဆနီးပါး ပိုများခဲ့ကြောင်း သိရသည်။ ၃  နိုင်ငံတဝှမ်း ခုခံတော်လှန်ရေးအင်အားစုများ၏ စစ်ရေးဖိအားကို လေကြောင်းတိုက်ခိုက်မှုများဖြင့်သာ အားပြုရင်ဆိုင်နေရသည့် အာဏာသိမ်းစစ် အုပ်စု၏ အကျပ်အတည်းသည် ဖုံးမနိုင်ဖိမရအခြေအနေအထိ ရောက်ရှိနေပြီဟုဆိုနိုင်ပါသည်။ ထို့ကြောင့်သာ ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်စျေးနှုန်း ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို လှည့်မကြည့်နိုင်ဘဲ ဗဟိုဘဏ်မှတဆင့် ငွေစက္ကူများ အထပ်ထပ် ရိုက်နှိပ်ခြင်းဖြစ်သည်။ အကျိုးဆက်အဖြစ် မြန်မာကျပ်ငွေ တန်ဖိုး အလွန်အမင်းကျဆင်းသွားကာ အမေရိကန်တစ် ဒေါ်လာ – ၅၀၀၀ကျပ် ကျော်၊ ထိုင်းဘတ်ငွေ တစ်ဘတ် – ကျပ် (၁၅၀) ကျော်အထိ ရောက်ရှိသွားခဲ့ရပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်တွင်းစစ်ရေးအကျပ်အတည်းကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြင့် အသာစီးရရှိရေးကြိုးပမ်းနေသကဲ့သို့ ကျပ်ငွေ တန်ဖိုးအဆမတန်ကျဆင်းကာ ကုန်စျေးနှုန်းများအတားအဆီးမဲ့စွာ မြင့်တက်လာခြင်းစသော စီးပွားရေးအ ကျပ်အတည်းကိုလည်း ငွေစက္ကူများရိုက်နှိပ်ခြင်း၊ ဘယ်လာရုဇ်ကဲ့သို့သော အာဏာရှင်နိုင်ငံများမှပင် ချေး ငွေများရယူခြင်းတို့ဖြင့်သာ ရေတိုဖြေရှင်းရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။

ထို့ကြောင့် မြန်မာပြည်သူလူထုအတွက်မူ အာဏာသိမ်းစစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်းကိစ္စအပါ အဝင် အထွေထွေကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ တနေ့ထက်တနေ့ပိုမိုရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုရ မည်ဖြစ်သည်။ ပို၍ဆိုးသည်က စစ်အုပ်စုစိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိသော နယ်မြေဒေသများအတွင်း နေ့စဉ် ရက်ဆက် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကိုလည်း နေ့ရောညပါ စိုးရိမ်ထိပ်လန့်စွာဖြင့် စောင့် ကြည့်နေရပါသည်။

ကျရှုံးနိုင်ငံဆီ ဦးတည်‌နေသော အချက်ပြလက္ခာများ

အမေရိကန်အခြေစိုက် The Fund for Peace (FFP) က နောက်ဆုံးထုတ်ပြန်ထားသည့် Fragile States Index (FSI-2024) (ကျရှုံးနိုင်ငံဖြစ်လွယ်သောအညွှန်းကိန်း – ၂၀၂၄) အရ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် ကမ္ဘာ့အဆင့် (၁၁) တွင်ရှိနေပြီး အီသီယိုးပီးယားနိုင်ငံထက်ပင် (၁.၉) မှတ်ပိုမြင့်မားကာ အလွန်မြင့်မားသော ထိခိုက်လွယ်မှုအုပ်စုအတွင်း ရောက်ရှိနေသည်ကို တွေ့ရသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းလုံးညီညွတ်ရေးဆိုသည့်အုပ်စုကြီး(၄)ခုကို လုံခြုံရေးယန္တယား၊ အာဏာရအလွှာများအကြား သဘောထားကွဲလွဲမှု၊ လူမှုအုပ်စုများအကြား မကျေနပ်မှု၊ စီးပွားရေးကျဆင်းမှု၊ မညီမျှသော ဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဦးနှောက်ယိုစီးမှု၊ နိုင်ငံတော်၏ တရားဝင်မှု၊ ပြည်သူ့ဝန်ဆောင်မှု၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှု၊ လူထုဖိအား၊ ဒုက္ခသည်နှင့် ပြည်တွင်းနေရပ် စွန့်ခွာရမှု၊ ပြင်ပစွက်ဖက်မှု စသော အညွှန်းကိန်းကို (၁၂) ခုဖြင့် အညွှန်းကိန်းတခုလျှင် (၁၀) မှတ်ပေးကာ ရမှတ်ပိုမြင့်လေ နိုင်ငံ၏ မတည်ငြိမ်မှုနှင့် ထိခိုက်လွယ်မှုပိုမြင့်လေလေဟု မှတ်ယူရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ FSI နှစ်ပတ်လည်အစီရင်ခံစာ၄အရ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုး မိုးမှု (၉.၆မှတ်)၊ နိုင်ငံတော်၏ တရားဝင်မှု (၉.၅)မှတ်၊ လူမှုအုပ်စုများအကြား မကျေနပ်မှု (၉.၄မှတ်)၊ လုံခြုံ ရေးယန္တယား (၉.၃ မှတ်)၊ ပြည်သူ့ဝန်ဆောင်မှု (၉.၂မှတ်)၊ အာဏာရအလွှာများအကြား သဘောထားကွဲလွဲ မှု (၉ မှတ်)၊ ဒုက္ခသည်နှင့် ပြည်တွင်းနေရပ်စွန့်ခွာရမှု (၈.၉မှတ်)၊ စီးပွားရေးကျဆင်းမှု (၇.၈မှတ်) စသော မြင့်မားသည့် ရမှတ်များသည် လက်ရှိမြန်မာနိုင်ငံ၏ မြေပြင်အခြေအနေကို လှစ်ဟပြသနေပါသည်။

အထူးသဖြင့် အာဏာသိမ်းစစ်တပ်၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အာမခံချက်မရှိသော အပြစ်ပေးအရေးယူမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူပိုင်နေအိမ်နှင့် အခြေခံအဆောက်အအုံများ မီးရှို့ဖျက်ဆီးမှု များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြေခံနိုင်ငံသားအခွင့်အရေးများ ကန့်သတ်ပိတ်ပင်ခံရမှုများ သည် စစ်အာဏာသိမ်းမှုစတင်ချိန်မှသည် ယနေ့အချိန်ထိ မြင်တွေ့နေရဆဲ ဖြစ်ပါသည်။

ထို့အပြင် ပြည်သူလူထု၏ ယုံကြည်လက်ခံမှုအားနည်းခြင်း၊ ယုံကြည်စိတ်ချရသည့် နိုင်ငံရေးလုပ် ငန်းစဉ်များ ဝေဝါးနေခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ကိုယ်စားပြုမှုနှင့် တာဝန်ယူတာဝန်ခံမှုအားနည်းခြင်း စ သော နိုင်ငံရေးအရ အခွင့်အာဏာအပေါ် အငြင်းပွားမှုများ၊ အပြိုင်အဆိုင်အုပ်ချုပ်ရေးအဖွဲ့များနှင့် နိုင်ငံရေး အရ တရားဝင်မှုဆိုင်ရာပြိုင်ဆိုင်မှုများသည် နိုင်ငံတော်၏ တရားဝင်မှုနှင့် အုပ်ချုပ်ရေးယန္တယားခိုင်မာမှုကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။ အထူးသဖြင့် နိုင်ငံရေးအာဏာကို ထိန်းချုပ်ထားနိုင်မှုနှင့် ပြည်သူလူထု၏ လက်ခံယုံကြည်မှုတို့သည် ထပ်တူမကျဖြစ်နေပြီး သဘောထားကွဲလွဲမှုများ၊ မကျေနပ်မှုများသည် ပိုမိုမြင့် တက်လာကြောင်း တွေ့ရှိရသည်။

နိုင်ငံတဝှမ်းစစ်ရေးပဋိပက္ခ ကျယ်ပြောလာခြင်းကြောင့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်စီးပွားလုပ် ငန်းများ ထိခိုက်စေသလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာသွားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ချို့တဲ့သွားခြင်း၊ ကုန်စျေးနှုန်းမြင့်တက်ခြင်း၊ အိမ်ထောင်စုများ၏ ဝင်ငွေနှင့်အသုံးစရိတ်မမျှတခြင်း စသော အကြောင်းအချက်များသည် ကျရှုံးနိုင်ငံဆီ ဦးတည်နေသော လက္ခဏာများ၏ အစိတ်အပိုင်းများဟု ဆိုရမည်ဖြစ်သည်။

သုံးသပ်တင်ပြချက်

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် စစ်ရေးပဋိပက္ခဖြစ်စဉ်များ ပျံ့ထွက်ထူပြောနေသကဲ့သို့ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များသည်လည်း ပိုမိုလွန်ကဲလာသည့် အခြေအနေမျိုးဖြစ်သည်။ တဆက်တည်းတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာသွားခြင်း၊ ကဏ္ဍစုံမှပြည်တွင်းကုမ္ပဏီများ ရပ်တည်ရန် ခက်ခဲလာခြင်း၊ ငွေစက္ကူများ အလုံးအရင်းဖြင့်ရိုက်နှိပ်ခြင်း၊ ကုန်စျေးနှုန်းများ အဆမတန်ကြီးမြင့်လာခြင်း စသော အကြောင်းခြင်းရာများကို အထင်းသားမြင်တွေ့နေရပါသည်။

ကျရှုံးနိုင်ငံဖြစ်လွယ်သောအညွှန်းကိန်း – ၂၀၂၄ (FSI-2024) အရ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ အညွှန်းကိန်း (၁၂) ခုစလုံးတွင် ရမှတ်မြင့်တက်နေပြီး သတိထားစရာ ထိခိုက်လွယ်သော အခြေအနေမျိုးသို့ ရောက်ရှိနေပြီဖြစ်သည်။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းကာလအတွင်း အညွှန်းကိန်းရမှတ်များနှင့် နိုင်ငံအလိုက် ရပ်တည်ချက်သည် အဆင့် (၁၀) အထိပင် ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုရှုပ်ထွေးလာသော နိုင်ငံရေးအာဏာပြိုင်ဆိုင်မှု၊ လက်နက်ကိုင်ပဋိပက္ခများ၊ အုပ်ချုပ်ရေးအာဏာနှင့် နိုင်ငံရေး တရားဝင်မှုဆိုင်ရာ အငြင်းပွားမှုများအပြင် လူမှုစီးပွားနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ကြီးထွားအမြစ်တွယ်လာခြင်း၏ အကျိုးဆက်အဖြစ်လည်း ရှုမြင်နိုင်ပါသည်။

အဆိုပါအကျိုးဆက်များကြောင့် ကျရှုံးနိုင်ငံဆီ ဦးတည်နေသောလက္ခဏာများနှင့် အညွှန်းကိန်းရမှတ်များကို အလေးအနက်ချဉ်းကပ်ကာ နိုင်ငံတည်ငြိမ်ရေးနှင့် ပြန်လည်တည့်မတ်ရေးကို အာဏာသိမ်းစစ်အုပ်စုအပါအဝင် သက်ဆိုင်သူအားလုံးက ကြိုးပမ်းရန် လိုအပ်ပါသည်။ ယင်းသို့ကြိုးပမ်းရာတွင်လည်း လက်နက်ကိုင်ပဋိပက္ခရပ်စဲရေးနှင့် လုံခြုံရေးဆိုင်ရာ ဖြေရှင်းချက်များကိုသာ ဦးစားပေးခြင်းထက် နိုင်ငံရေး အာဏာခွဲဝေမှု၊ တိုင်းရင်းသားတန်းတူရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ လူ့အခွင့်အရေးကာကွယ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ ပြန်လည်တည်ဆောက်ရေးတို့ကိုပါ တစ်ပြိုင်တည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

၁။ ဂျပန် ISUZU လုပ်ငန်း မြန်မာမှ ထွက်မည်၊ ဧရာဝတီ၊ ၁၆ နိုဝင်ဘာ ၂၀၂၆
၂။ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ဗြိတိန်အခြေစိုက် လူသုံးကုန်လုပ်ငန်းကြီး Unilever အတည်ပြု၊ မြန်မာနောင်း၊ ၆ နိုဝင်ဘာ ၂၀၂၆
၃။ စစ်အစိုးရ တောင်းခံတဲ့ စံချိန်တင် ဘတ်ဂျက်ငွေကို လွှတ်တော် အတည်ပြု၊ သံလွင်တိုင်းမ်၊ ၆ နိုဝင်ဘာ ၂၀၂၆
၄။ Fragile States Index 2024: Annual Report ၊ FFP၊ ၁၈ ဖေဖော်ဝါရီ ၂၀၂၅