“ကူညီကယ်ဆယ်ရေးလုပ်တဲ့အချိန်တွေမှာ ကန့်သတ်မှုတွေရှိပြီးတော့ နိုင်ငံရေး၊စစ်ရေးအရ ပြန်လည်စုစည်းမှု ပြန်လည်တုံ့ပြန်မှုတွေ လုပ်လာမယ့်ကိစ္စကို သူတို့အနေနဲ့ သေသေချာချာကာကွယ်ဖို့ လိုအပ်မယ်ဆိုတဲ့ပုံစံနဲ့ တုံ့ပြန်နေတယ်ဆိုတာလည်း တွေ့ရတယ်။ တချိန်ထဲမှာလည်း တဖက်ကအပစ်ခတ်ရပ်စဲဖို့ ပြောတဲ့အခါ သူတို့ အနေနဲ့ ဒီအချိန်မှာမလျော့နိုင်ဘူး၊ သူတို့အနေနဲ့ အသာစီးရအောင်လုပ်မယ်ဆိုတဲ့ စဉ်းစားမှုရှိပုံရတယ်” ဒေါက်တာစိုင်းကြည်ဇင်စိုး/ မြန်မာ့အရေးလေ့လာသုံးသပ်သူ
06 Apr 2025