“စစ်ရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာပြီးဆိုရင်တော့ ဓာတ်ဆားရည်တွေသောက်ဖို့ အဲဒီလိုမျိုး အရေးကြီးတယ်ပေါ့နော်။ နောက်ပြီးတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီးဆိုရင်လည်း ကိုယ်ကနေတဆင့် သူများကိုမကူးစက်ရအောင် သန့်သန့်ရှင်းရှင်းနေဖို့ နောက်ပြီး ရေဓာတ်ခမ်းတဲ့လက္ခဏာတွေကိုလည်း ကိုယ်တိုင် သတိထားမိဖို့လိုတယ်” မိစကြင်မွန် / MSFC ကျန်းမာရေးတာဝန်ရှိသူ
23 May 2025