တနင်္သာရီမြို့နယ် ပဖကထံ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး CDM ပြုလုပ်

0
408

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဧပြီ ၂၁ ရက်နေ့က စစ်ကောင်စီ ရဲတပ်သားတစ်ဦး အာဏာဖီဆန်ရေး CDM ပြုလုပ်လာကြောင်း မြို့နယ် ပကဖတာဝန်ရှိသူများက သံလွင်တိုင်းမ်ကို ပြောသည်။

CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်သားမှာ တပ်သားမင်းအုပ်ဆိုသူဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောရဝတီရဲစခန်းမှ ထွက်ခွာလာသူဖြစ်ပါသည်။

ရဲတပ်သားမင်းအုပ်ဟာ တနင်္သာရီမြို့နယ်ဇာတိဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် CDM ပြုလုပ်လာတာ ဖြစ်ကြောင်း သိရပါသည်။

လက်ရှိမှာတော့ CDM ဝင်လာသော ရဲတပ်သားကို လုံခြုံသည့်နေရာတွင် စောင့်ရှောက်ထားပြီး စားဝတ်နေရေးအတွက် စီစဉ်ပေးထားကြောင်းလည်း သိရပါသည်။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ ၅၆၁ တပ်က တပ်သား အောင်မိုးနိုင်ဟာ လက်နက်ခဲယမ်းတွေနှင့်အတူ တနင်္သာရီမြို့နယ် ပကဖထံ CDM ပြုလုပ်လာခဲ့ပါသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ် ပကဖထံ CDM ပြုလုပ်ပြီး လာရောက်ခိုလှုံသော စစ်ကောင်စီတပ်သားနှင့်ရဲ ၁၀ ဦးထက်မနည်းရှိပြီး အများစုဟာ စစ်ကောင်စီကို ပြန်တည်တိုက်ခိုက်နေကြောင်း သိရပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here