“အမျိုးသမီး အကြမ်းဖက်ခံရမှုများ ရှိနေသော်လည်း တိုင်ကြားရန်နေရာ အခက်အခဲရှိနေခြင်း၊ ခေတ္တနားခိုရာ စင်တာလိုမျိုး ထားရှိပေးဖို့ အခက်အခဲရှိနေခြင်း ဒီလိုမျိုးတွေ ကြုံလာရပါတယ်။ တအာင်းအမျိုးသမီးများအပေါ် အန္တရာယ်ရှိနေတဲ့ ဓလေ့ထုံးတမ်းတွေ၊ ဥပမာ – အိမ်ထောင်မကျသေးဘဲ ကိုယ်ဝန်ရတဲ့အမျိုးသမီးများကို ရွာပြင် ထုတ်ခြင်း၊ ခွဲခြားဆက်ဆံနေခြင်း စသဖြင့် များစွာရှိနေပါတယ်” 04 Apr 2024
“ကျပ်နှစ်သိန်း ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ ရေတခေါက် သယ်ဖို့ပေါ့၊ အဓိက ကတော့ ချက်ပြုတ်တဲ့ အပိုင်းမှာပေါ့။ ရေချိုးဖို့ကြတော့ ကျွဲလူးတဲ့အိုင်ပဲ သွားချိုးရတယ်။ အဓိက, က စားဖို့သောက်ဖို့အတွက်ပဲ” တဖူဒီးကူစစ်ရှောင်စခန်း အတွင်းရေးမှုးမော်ထရေးဇာ 31 Mar 2024
“လွယ်ဂျယ်ရဲ့ လုံခြုံရေးယူတဲ့ ဗျူဟာကုန်းလည်း ဖြစ်ပါတယ်။ နောက် လွယ်ဂျယ်နဲ့ ဗန်းမော်သွားတဲ့ ကားလမ်းရဲ့ လုံခြုံရေးလည်း ဖြစ်တယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဒီမိုင်ဂျာယန်ကို လည်း ခြိမ်းခြောက်တဲ့ ဗျူဟာကုန်း စခန်းကြီး ဖြစ်ပါတယ်။ တော်တော်လေး ဗျူဟာကျတဲ့စခန်း ဖြစ်ပါတယ်။ သမိုင်းကြောင်းနဲ့ ပြောမယ်ဆိုရင်လည်း အရင်က ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အားလုံးစုပြီး အဲ့ဒီယောယုံစခန်းကို တိုက်ဖူးပါတယ်” ဗိုလ်မှူးကြီးနော်ဘူ/ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ 31 Mar 2024
“အခုက ရခိုင်၊ ဂေါ်ရခါး၊ ကျောင်းသားတပ်၊ PDF တွေနဲ့အတူ အားလုံးစည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်ကြတယ်။ အရင်က စစ်သားတစ်ရာကို KIA တပ်သား ၃ ယောက်နဲ့ပဲ တိုက်ရတယ်။ အခုက ဘက်မျှသွားပြီ။ လက်နက် အင်အားတွေလည်း တိုးတက်လာတယ်။ ဒါကြောင့် အခုလိုအချိန်တိုအတွင်းမှာ အောင်မြင်မှုရခဲ့တယ်လို့ မြင်ပါတယ်” KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး 30 Mar 2024
“အချို့နေရာဒေသတွေတော့ သွားလို့မရဘူး။ လာလို့မရဘူး အနေအထားတွေဖြစ်တော့ ကူညီတဲ့သူတွေ အတွက်လည်း အသက်အန္တရာယ်တွေ စိုးရိမ်ရတဲ့အနေအထားတွေ ရှိတယ်။ အကူညီမရှိတဲ့သူတွေကလည်း သူတို့ရပ်ရွာမှာ ရိက္ခာတွေ ပြန်မသယ်ရဘူး စသည်ဖြင့် အခက်ခဲတွေရှိရင် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး အတွက်က စိုးရိမ်လာနိုင်ဖွယ်ရှိတယ်” ပအိုဝ်းအမျိုးသမီးသမဂ္ဂ Pa-O Women’s Union တာဝန်ရှိသူ နာင်း 29 Mar 2024
“အကူအညီထောက်ပံ့မှု ရရှိတဲ့အပိုင်းကလည်းနည်းတော့ စားစရာမရှိတဲ့ မိသားစုတွေ အရမ်းများပြားလာ နေတယ်။ ငတ်ပြတ်တဲ့ စစ်ဘေးရှောင်မိသားစုတွေလည်း ရှိလာနေတယ်။ စစ်ဘေးရှောင်တွေ ငတ်ပြတ်လာတော့ ရွာထဲကိုသွားပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ အလှူခံပြီး စားသောက်နေကြရတယ်” မနှင်းသဇင်လှိုင် (ဒု – ဥက္ကဌ) ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး 26 Mar 2024
“ကော့ဘိန်းမှာရှိတဲ့လူတွေ ထွက်ဖို့က ခက်နေတယ်လေ ပိတ်မိနေတယ်ပေါ့။ အဲ့ဒါကြောင့် ကော့ဘိန်းပရဟိတ အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ကျန်တဲ့လူတွေကို ထုတ်လာပေးဖို့ပေါ့။ မြစ်ဆိပ်ဘက်ကိုပဲ ထုတ်လာပေးပေါ့ ကျနော်တို့ ကိုယ်တိုင် ဒီဘက်ကိုခေါ်လာမယ်ပေါ့။ ဒါပေမဲ့လည်း လေယာဉ်ပျံကဝဲနေတော့ သွားဖို့ကလည်း မလွယ်ဘူး ဖြစ်နေတယ်” စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦး 25 Mar 2024
“သူတို့ (ULA/AA) အနေနဲ့ စစ်ရေးအားဖြင့် ရခိုင်ပြည်ကို ထိန်းနိုင်တယ်လို့ ကျနော်ထင်တယ်။ စစ်ရေးအားဖြင့် ထိန်းနိုင်ပြီးဆိုတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးက ပူးတွဲပါလာမှာပါ။ အဲဒီကိစ္စတွေက မြို့တွေကို မသိမ်းခင် ကနေ နယ်တွေမှာ အထိုင်ကြပြီးသား အဲဒီကိစ္စနဲ့ပတ်သက်လို့ အကျွမ်းတဝင် လုပ်ပြီးသားဆိုတော့ သိပ်မခက်ဘူး လို့ ထင်ပါတယ်။ ရခိုင်ပြည်ကိုထိန်းဖို့အတွက် အချိန်အခါကို စောင့်နေတာဖြစ်လိမ့်မယ်” ဦးဖေသန်း – ရခိုင်ဝါရင့်နိုင်ငံရေးသမား 24 Mar 2024
“အခုကျွန်တော်တို့ တိုက်နေတဲ့စနစ်ကြီးကို ပြည်သူတွေ နားမလည်နိုင်အောင် စစ်တပ်က နာဂဒေသကို အမှောင်ဖုံးထားတယ်လို့ ကျွန်တော်တို့က မြင်တယ်။ အဲ့ဒါကြောင့် လက်နက်ခဲယမ်း ခက်ခဲသလို ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အစစအရာရာခက်ခဲတယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဗိုလ်လင်းယုန်/ နာဂပြည်သူ့ကာကွယ်ရေးတပ်(NPDF) 23 Mar 2024