
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးအင်အားစုများ၏ သန္နိဌာန်သည် ခိုင်မာနေဆဲဖြစ်သည်။ လေးနှစ်ကျော်၊ ငါးနှစ်နီးပါးအထိ ရောက်ရှိလာပြီဖြစ်သော လက်နက်ကိုင်တော်လှန်ရေးသည် မြို့သိမ်း၊ စခန်းသိမ်းဖြစ်စဉ်များအပြင် အာဏာသိမ်းစစ်အုပ်စု၏ တိုင်းစစ်ဌာနချုပ်များအထိပင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် အလွန်ခရီးရောက်ခဲ့သည်ဟု ဆိုရပါမည်။ သို့သော် ဟန်ချက်ညီ လှုပ်ရှားနိုင်မှုတွင်တော့ ဟိုနားတစ၊ ဒီနားတစသာ တွေ့ရှိခဲ့ရပါသည်။ တော်လှန်ရေးအင်အားများ၏ စုစည်းညီညွတ်မှုခွန်အားဖြင့် ဟန်ချက်ညီလှုပ်ရှားနိုင်မှုသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အရေးတကြီး လိုအပ်လာပြီဖြစ်ကြောင်း ပို၍ထင်ရှားလာစေခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုအတွက်မူ ရွေးကောက်ပွဲတစ်ရပ်ကို ဟန်ပြကျင်းပကာ ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုလုပ်ငန်းစဉ်၏ နောက်ဆုံးရွေးချယ်စရာအဖြစ် စစ်ယူနီဖောင်းချွတ် ရွေးကောက်ခံအစိုးရတရပ်ဖွဲ့စည်းပြီး နိုင်ငံတကာနှင့် ပြည်သူလူထုကို မျက်လှည့်ပြဖို့ ကြံရွယ်နေပါသည်။ ထို့ကြောင့် အနှီဟန်ပြကျင်းပမည့် ရွေးကောက်ပွဲအား နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ဆန့်ကျင် သူအားလုံးကို ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားသူများအဖြစ် သတ်မှတ်ပြီး ကြီးမားသည့် ပြစ်ဒဏ်များ ချမှတ်လျှက်ရှိပါသည်။ မြို့ပေါ်ရပ်ကွက်များကိုပင် စုံလင်စွာ ကျင်းပနိုင်ခြင်းမရှိသည့် ၎င်းတို့၏ ဟန်ပြရွေးကောက်ပွဲအတွက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေများအတွက် လေကြောင်းတိုက်ခိုက်မှုများကို စည်းလွတ်ဝါးလွတ်ကျူးလွန်ပြီး နယ်မြေချဲ့ထွင်နိုင်ရေး ကြိုးပမ်းနေသည်ကိုလည်း တွေ့ရှိနေရပါသည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင်တော့ ၂၀၂၅ ခုနှစ်အလွန် မြင်တွေ့ရနိုင်သော တော်လှန်ရေးအင်အားစုများ၏ စစ်ရေးစုဖွဲ့မှုများနှင့် ဟန်ချက်ညီလှုပ်ရှားနိုင်မှု အခြေအနေများ၊ စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ခြေလှမ်းများကို အချက်အလက်များအပေါ် အခြေပြုကာ လေ့လာတင်ပြသွားပါမည်။
ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>