
၂၀၂၆ ခုနှစ် ဇန်နဝါရီလ၏ ဒုတိယနှစ်ပတ်တာအတွင်း နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်ပွားမှုသည် ပြီးခဲ့သည့် ပထမနှစ်ပတ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုများထက် ပိုမိုများပြားလာခဲ့ပြီး အထူး သဖြင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးဒေသများအပါအဝင် အညာဒေသတခွင်တွင် စစ်ရေးပဋိ ပက္ခဖြစ်စဉ်များကို အများဆုံးတွေ့ရှိရသည်။ နှစ်ပတ်တာအတွင်း အညာတခွင်ရှိ တိုက်ပွဲဖြစ် စဉ်များသည် စုစုပေါင်းဖြစ်စဉ်များ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့သည်။ တဆက်တည်း တွင် အရပ်သားပြည်သူ သေဆုံးမှုနှုန်းသည်လည်း ပြီးခဲ့သည့်နှစ်ပတ်တာထက် နှစ်ဆနီးပါး ပိုများလာခဲ့သည်ကို တွေ့ရသည်။
မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ နှစ်ပတ်တာအတွင်း တိုက်ပွဲ ဖြစ်စဉ်များ တွေ့ရှိခဲ့သည့် မြို့နယ်ပေါင်း (၃၃) ခုအနက် အညာဒေသအတွင်း တိုက်ပွဲဖြစ်ပွား ခဲ့သည့် မြို့နယ်ပေါင်း (၁၈)ခုအထိ ရှိခဲ့သည် ကို တွေ့ရကာ အညာဒေသအတွင်း တော်လှန် ရေးအင်အားစုများ၏ စစ်ရေးအရှိန် မြင့်တက် လာခြင်းကို ထင်ရှားစေပါသည်။
ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>