အပတ်စဉ်သုံးသပ်ချက် – အမှတ် ၁၉၉ “အတုအ‌ယောင်အစိုးရ၊ ပဋိပက္ခအတွင်း ဇာတ်‌ကောင်များနှင့် ‌တွေ့ဆုံ‌ဆွေးနွေးရေးလာရာနှင့် လားရာ…”

By MPM 10 ဇူလိုင်, 2026 👁 103

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်သည့်နေ့၊ ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်မှ စတင်ရေတွက်ပါက ဇွန်လ ၃၀ ရက်နေ့သည် စစ်ခေါင်းဆောင် သမ္မတဖြစ်ခြင်း “၈၉” ရက်မြောက်နေ့ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်ဖွဲ့စည်းသော အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်သည့် အတုအယောင်အစိုးရ၏ သက်တမ်းကို ရေတွက်လျှင်မူ “၈၂” ရက်တာ သက်တမ်းရှိခဲ့ပြီဟု ဆိုရပါမည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်အစိုးရအဖွဲ့၏ (၈၂) ရက်တာသက်တမ်းအတွင်း တွေ့ရှိရသည့် နိုင်ငံတဝှမ်း စစ်‌ရေး ပဋိပက္ခဖြစ်စဉ်များနှင့် နောက်ဆက်တွဲအကျိုးဆက်များကို လက်လှမ်းမီသမျှ အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များ အခြေပြုကာ တင်ပြသွားပါမည်။ အထူးသဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် လိုလားသူ၊ နှိုးဆော်သူတိုင်းအတွက် အဆိုပါအချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များသည် ပစ်ပယ်ချန်လပ်ထား၍မရသည့် အကြောင်းအချက်များအဖြစ် ရှုမြင်ရမည်ဖြစ်သည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>