လက်ပိုက်ကြည့်နေရသည့် စစ်အုပ်စု၏ ကောင်းကင်မိစ္ဆာများ – အမှတ် ၁၈၁

By MPM 25 အောက်တိုဘာ, 2025 👁

ယခုနှစ် (၁၀) လမပြည့်မီ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအရေအတွက်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အများဆုံးနှစ်ဖြစ်သည့် ၂၀၂၄ ခုနှစ်ထက်ပင် ပိုမိုများပြားနေပြီဖြစ်သည်။

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာကို နေ့စဉ်နှင့်အမျှ နှုတ်ယူဖျက်ဆီးလျက်ရှိသော အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း နည်းလမ်းမျိုးစုံဖြင့် ပါဝင်ပတ်သက်သူများအား ကောင်းကင်မိစ္ဆာများဟု သမုတ်ရပါသည်။ အနှီကောင်းကင်မိစ္ဆာများသည် မြန်မာ့မိုးကောင်းကင်တခွင်လုံးတွင် နေ့ညမရွေး ပျံဝဲနေပါသည်။ တောင်တန်းမြေပြန့်ဒေသအလိုက် မြန်မာပြည်သူများ ရင်ဆိုင် ကြုံတွေ့နေရသည့် ကောင်းကင်မိစ္ဆာများထဲတွင် ဂျက်လေယာဉ်၊ တိုက်လေယာဉ်၊ ဟယ်လီကော်ပတာ စသော လေယာဉ်အမျိုးမျိုး၊ ဒရုန်း၊ Paramotor (စက်တပ်လေထီး) နှင့် Gyrocopter ဟူသည့် မိစ္ဆာများ ပါဝင်သည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု အားကိုးအားထားပြုရာ ကောင်းကင်မိစ္ဆာများအကြောင်း အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များနှင့်တကွ လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>