
စစ်ရေး၊ နိုင်ငံရေးအရွေ့အပြောင်းများကို အကြောင်းပြု၍ ၂၀၂၅ ခုနှစ်၏ နှစ်အစပိုင်းသည် အဖွင့်ထူးခြားခဲ့သည်ဟု တင်ပြခဲ့ပြီးဖြစ်သည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များနှင့်အတူ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရွေ့အဟုန် အားကောင်းလာခြင်း၊ အာဏာသိမ်းစစ်အုပ်စု၏ အရှုံးလက္ခဏာများ ပိုမိုထင်ရှားလာခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြောင်းအလဲ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA/AA) ၏ နိုင်ငံရေးခြေလှမ်း၊ ပြည်တွင်းရှိ နိုင်ငံရေးသမားအချို့၏ ငွေဆောင်ဆွေးနွေးပွဲ စသည့် အကြောင်းအရာများသည် ၂၀၂၅ ခုနှစ်၏ အဖွင့်ကို ထူးခြားစေခဲ့သည်။
ယင်းထူးခြားမှုများသည်ပင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်ရွေ့ပြောင်းနေခဲ့သည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ် တနှစ်ပတ်လုံးတွင် တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှုအသစ်၊ ချဉ်းကပ်မှု အပြောင်းအလဲများကို မြင်တွေ့ခဲ့ရသကဲ့သို့ အာဏာသိမ်းစစ်အုပ်စု၏ ၂၀၂၅ အလွန် ခြေလှမ်းများသည်လည်း ပီပြင်ထင်ရှားလာခဲ့သည်ဟု ဆိုရပါမည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အဖွင့်ရော၊ အပိတ်ပါ ထူးခြားခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေး၊ နိုင်ငံရေးစုဖွဲ့မှုဆိုင်ရာ တွေ့ရှိချက်များနှင့် ၂၀၂၅ ခုနှစ်အလွန် မြင်တွေ့ရမည့် အခင်းအကျင်းများကို လေ့လာတင်ပြသွားပါမည်။
ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>