နိုင်ငံရေးဦးတည်ချက် ၆ ချက်နှင့် အနာဂတ် မြန်မာပြည် – အမှတ် ၁၆၂

By MPM 7 ဖေ‌ဖော်ဝါရီ, 2025 👁

စစ်အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များနှင့်အတူ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုအချင်းချင်းအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဟိုတစ်စ၊ ဒီတစ်စ တွေ့မြင်လာရပြီဖြစ်သည်။ စားပွဲဝိုင်းတစ်ခုတည်းတွင် အစုအဖွဲ့အားလုံး စုံလင်ပါဝင်ခဲ့ခြင်းမဟုတ်သေးသည့်တိုင် နိုင်ငံရေးအရွေ့တစ်ခုကို လျှောက်လှမ်းနေကြသည်ဟုတော့ နားလည်ရပါသည်။

ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးချက်တွင် တော်လှန်ရေးအင်အားစုများအကြား နားလည်လက်ခံလာကြသည့် နိုင်ငံရေးဦးတည်ချက် (၆) ချက်နှင့် အနာဂတ်ပြည်ထောင်စု မျှော်ရည်ရာများကို လေ့လာတင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>