အပတ်စဉ်သုံးသပ်ချက် – အမှတ် ၂၀၀/၂၀၁ “စစ်အုပ်စု၏ ‌ဒေါ်အောင်ဆန်းစုကြည် “ကတ်”၊ ‌တော်လှန်‌ရေးအတွက် “ကပ်” မဖြစ်စေရေး သတိပြုရမည်”

By MPM 31 ဇူလိုင်, 2026 👁 241

စစ်အာဏာသိမ်းချိန်မှစ၍ ယနေ့အချိန်ထိ အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်အုပ်စုအတွက် အရေးပေါ်ကတ်တချပ်ကို အသုံးပြုလာပြီဖြစ်သည်။ ဒေါ်‌အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း ပြောဆိုမှုသည် စစ်အုပ်စု၏ လက်သုံးစကားတစ်ရပ်ဖြစ်သော်လည်း ယနေ့အချိန်ထိ “သေသလား၊ ရှင်သလား” ဟူသည်က မည်သူမျှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်အတွက် မြန်မာပြည်သူလူထုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတရပ်လုံးက စိုးရိမ်ပူပန်လျက်ရှိကြသည်။ ဤသည်ကပင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စုအတွက် အရေးပါသည့် “ကတ်” တချပ် ဖြစ်လာခဲ့သည်ဟု ဆိုရပါမည်။

အခြားတဖက်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မီးစဉ်ကြည့်ကာ ဖြတ်သန်းနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်သည်ဟု စွဲကိုင်ကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို တိုက်တွန်းတောင်းဆိုလျက်ရှိသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ လက်ခုတ်ထဲမှ ကတ်တချပ်ကြောင့် တော်လှန်ရေးအင်အားစုများအတွင်းရှိ စည်းနှောင်မှု၊ ညီညွတ်မှုနှင့် အချင်းချင်းယုံကြည်ကိုးစားမှုများ ယိမ်းထိုးချိနဲ့မသွားစေရေးကို တွေးဆကာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသော ချဉ်းကပ်မှုများအား လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>