ရွေးကောက်ပွဲအလွန် စစ်ယူနီဖောင်းချွတ်အပြောင်းအလဲ – အမှတ် ၁၈၀

By MPM 8 အောက်တိုဘာ, 2025 👁

အာဏာသိမ်းစစ်အုပ်စု ကျင်းပပေးမည့် ရွေးကောက်ပွဲအသစ်သည် စစ်ယူနီဖောင်းချွတ် အပြောင်းအလဲတစ်ခုမျှသာ မျှော်လင့်နိုင်စရာရှိပါသည်။ မည်ကာမတ္တမဲဆန္ဒနယ်အရေအတွက်၊ စစ်အုပ်စု အနိုင်သေချာစေမည့် ရွေးကောက်ပွဲစနစ်၊ စစ်ယူနီဖောင်းချွတ်များကြီးစိုးသည့် နိုင်ငံရေးပါတီအတွင်း ပူပူနွေးနွေး စစ်ယူနီဖောင်းချွတ်များ ပေါင်းထည့်ခြင်း၊ သေဒဏ်အထိချမှတ်နိုင်သော ရွေးကောက်ပွဲကာကွယ်ရေးဥပ ဒေဖြင့် ဖမ်းဆီးထောင်ချမှုများသည် စစ်ယူနီဖောင်းချွတ် အပြောင်းအလဲမတိုင်ခင် တွေ့မြင်နေရသည့် သတင်းမြင်ကွင်းများဖြစ်ပါသည်။ ပို၍ဆိုးသည်က အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတဝှမ်းလုံးတွင် နေရာဒေသ၊ အချိန်အခါမရွေး ထင်ရာစိုင်းနေခြင်းပင်ဖြစ်သည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စုက ကျင်းပပေးမည့် ရွေးကောက်ပွဲအသစ်မတိုင်ခင် တွေ့ရှိချက်များနှင့် ရွေးကောက်ပွဲအလွန်အခင်းအ ကျင်းအသစ်ကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုပြီး လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>