မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့က စစ်ကောင်စီတပ်ဂိတ်အား ဒေသကာကွယ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်

0
481

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ လက်မောင်း ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှာတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Golden Eagle Force- Monywa အဖွဲ့၊ မုံရွာခရိုင်တပ်ရင်း-၁၃ (အောင်ဆန်းမျိုး ဆက်အဖွဲ့)၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ဝင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်ပါ ရုပ်သံဗီဒီယိုဖိုင်ကို Golden Eagle Force-Monywa အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းနီအသံ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here