ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့

0
179
Photo – CJ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာက ဒေသခံနေအိမ်များကို အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ထပ်မံ မီးရှိုးဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာထဲ၌တပ်စွဲ၍ ကတုတ်ကျင်းများတူး ခံစစ်ပြင်ဆင်နေသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်က မယ်မောင်ရှောင်ကျေးရွာရှိ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီး ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားများက ပြောသည်။

ဒေသခံတို့ ပြောဆိုချက်အရ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မီးခိုးလုံးများ မြင့်တက်မှုကြီးမားသည်ကို တွေ့မြင်ခဲ့ရတာကြောင့် အနည်ဆုံးစစ်ရှောင်ဒေသခံ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးနိုင်သည်ဟု ခန့်မှန်းပြောဆိုကြသည်။

မောင်မယ်ရှောင်ကျေးရွာကို ပြီးခဲ့သည့် သုံးလခန့်ကတည်းက စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲထားပြီး ကျေးရွာအစွန် တံတားနှစ်ခုကြား၌ ခံတပ်တည်ဆောက်နေသည်ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် ၎င်းတို့တိုက်ခိုက်ခံရတိုင်း ကျေးရွာအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးကျုးလွန်နေပြီး အခုတစ်ကြိမ်အပါအဝင် မီးရှိုးဖျက်ဆီးခံရသည်မှာ ၅ ကြိမ်အထိ ရှိလာပြီဖြစ်သလို ဒေသခံများလည်း စစ်ရှောင်တိမ်းနေထိုင်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသတွင်း သုတေသနအဖွဲ့တခု ဖြစ်သည့် Data for Myanmar အစီရင်ခံစာအရ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here