ထားဝယ်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF ဝင်တိုက်

0
185
Photo - CJ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံကနေ သိရသည်။

တပ်အင်အား ၃၀ ကျော် တပ်စွဲထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဲဒီတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး ခရီးကားအစီးရေ ရာနှင့်ချီ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

ထိုစစ်ဆင်ရေးတွင် ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်တို့၏ ပြောပြချက်အရ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ဆိုသည်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်သည် သရက်ချောင်းကနေ ထားဝယ်လာသော ကားများကိုသာ ဖြတ်သန်းသွားလာခွင့်ပေးပြီး ထားဝယ်ဘက်ကနေ သရက်ချောင်းသွားမည့် ကားများကို ပိတ်ပင်ထားခဲ့ကြောင်း ခရီးသွားများထံကနေ သိရသည်။

ထားဝယ်မြို့ဝင်အဂိတ် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း လက်ရှိအချိန်အထိ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here