စစ်ကိုင်းတိုင်းဘက်ကနေ ဟားခါးမြို့ကို တက်လာတဲ့ သံချပ်ကာတင်ယာဉ် ၂စီးအပါအဝင် ယာဉ်အစီးရေ ၃၀ ခန့်ပါတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကတည်းက ထွက်လာတဲ့ အဲ့ဒီယာဉ်တန်းဟာ ချင်းပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် တစ်လကျော်အကြာ ဧပြီ၁၃ရက်မှာ အားလုံးပျက်စီးသွားပြီး လိုရာခရီးကို မရောက်ရှိခဲ့ဘူးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တလကျော်ကြာ တိုက်ခိုက်မှုအတွင်းမှာ တိုက်ပွဲပေါင်း ၃၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော် ၈ ဦး ကျဆုံးခဲ့ရပါတယ်။
ဟားခါး-ဖလမ်းအကြားမှာ CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ချေမှုန်းခြင်းခံခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ၂ စီးနဲ့ ကုန်တင်ကားတွေ မြင်ကွင်းကို ချင်းဒေသတွင်းသတင်းအချက်အလက်တွေကို ဖော်ပြနေတဲ့ The Chin Journal က ဖော်ပြလာတာ ဖြစ်ပါတယ်။
ရှမ်းနီအသံမှ ပေးပို့သည်။