ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဆေးကုသမှုခံယူနေရသူတစ်ဦး ထပ်မံသေဆုံးသွားခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူမှာ ဦးဝင်းနိုင် (၅၄) နှစ်ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်၊ ည (၇)နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် ငပလီမြို့ရှိ လင်းသာရပ်ကွက်နှင့် ကျားကန်ကြီးအပိုင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ ည ၈ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိတိ ပေါင် ၅၀၀ ဗုံး လေးလုံးကြဲချတိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အသက် ၁၅ နှစ်အောက် ကလေး လေးဦးအပါအဝင် သေဆုံးသူ ကိုးဦးအထိရှိခဲ့ပြီး ဒဏ်ရာရသူ ၁၂ ဦးရှိခဲ့သည်ဟု သိရသည်။
ဒဏ်ရာရသူများအနက် ဦးဝင်းနိုင် ထပ်မံသေဆုံးသွားခဲ့ရာ အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁ဝ ဦးအထိရှိသွားပြီဖြစ်သည်။
နိရဉ္စရာ