6 ဇွန် 2026 /

See today's Peace Related News

Homeသတင်းသရက်ထောင်တွင် အာဏာသိမ်း ၅ နှစ်ပြည့် ထောင်တွင်းအသံတိတ်သပိတ် ဆင်နွှဲ

သရက်ထောင်တွင် အာဏာသိမ်း ၅ နှစ်ပြည့် ထောင်တွင်းအသံတိတ်သပိတ် ဆင်နွှဲ

မကွေးတိုင်း၊ သရက်ထောင်တွင် အာဏာသိမ်း ငါးနှစ်ပြည့်နေ့၌ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် ထောင်တွင်းအသံတိတ်သပိတ် ဆင်နွှဲခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုနှင့် နီးစပ်သူထံက သိရသည်။

“အဲ့နေ့တရက်ကို လုပ်စရာရှိတဲ့အလုပ်လုပ်တယ် စကားမပြောဘူး အသံမထွက်ဘူး နားချိန်ရောက်ရင်လည်း အားလုံးက တူတူမီးမှိတ်ထားပြီးတော့ ငြိမ်ကြတယ်လို့ပြောပါတယ်” ဟု ထောင်တွင်းမှ ပါးလာသည့် သတင်းစကားကို နီးစပ်သူက မဇ္ဈိမကို ပြန်လည်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် သရက်ထောင်ရှိ နိုင်ငံရေးအကျဉ်းသူ ၊ အကျဉ်းသား ၁၂၀ ဝန်းကျင်ခန့်သည် ထိုနေ့ နံနက်မှစတင်ကာ အသံတိတ်သပိတ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရက်ထောင်တွင် အကျဉ်းသား ၅၀၀ ထက်မနည်းရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၃၀,၃၇၁ ဦးရှိပြီး ၂၂,၇၇၈ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ယင်းအနက် ၁၁,၅၁၁ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။

မဇ္ဈိမ