24 ဧပြီ 2025 /

See today's Peace Related News

Homeသတင်းမြိင်မြို့နယ် ထန်းပေါက်ကုန်းရွာအား စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲ

မြိင်မြို့နယ် ထန်းပေါက်ကုန်းရွာအား စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲ

မကွေးတိုင်း၊ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က MI-35 Jet Fighter နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြိုင်-ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ်လ (၉) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်က Well-2 ရေနံမြေနားမှာရှိတဲ့ ထန်းပေါက် ကုန်းရွာကို စစ်ကောင်စီက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသံတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ အကုန်လုံးထွက်ပြေးနေရတယ်။ အရင်နေ့တွေက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်တာ သူတို့ဘက်က သုံးယောက်သေတယ်။ အဲဒါကို ဒီနေ့ကျတော့ လေယာဉ်နဲ့ လာပစ်တာအတွဲလိုက်လည်းလက်နက်ကြီးတွေနဲ့ပစ်နေတယ်။” လို့ မြိုင်- ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လကျ်ာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်ဆီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘဲ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ ဗိုလ်လက်ျာက ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ ထန်းပေါက်ကုန်း တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက မြိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် (၄) ကြိမ်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့ကလည်း ဖလံကိုင်းကျေးရွာက ရေစည်လှည်းတွေ အနိုင်ကျင့်ယူ ဆောင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က Drop Bomb နဲ့ တိုက်ခိုက်ခဲ့လို့ နှစ်ဦး ဒဏ်ရာ ပြင်းထန်ပြီး တစ်ဦးသေဆုံးခဲ့ပါသေးတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေဟာလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အသက် (၄၂) နှစ်အရွယ်ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွား တယ်လို့ သိရ ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာနာမှာရှိတဲ့ ဖလံကိုင်းရွာမှာ အထိုင်ချနေတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

နောင်ချို၊ အုမ္မတီးရွာကို စစ်ကောင်စီတပ် လေယာဉ်နှင့်ဗုံးကြဲ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှင့်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ချိန်တွင် အုမ္မတီးကျေးရွာထဲကို စစ်ကောင်စီလေကြောင်းကနေ ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ပျက်စီးဆုံးရှုံးမှုက အတိအကျတော့ မသိရသေးဘူး။...

ထားဝယ်တွင် စစ်ကောင်စီက ၄ ရက်ဆက်တိုက် လေကြောင်းနှင့်ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများရှိ

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။ သရက်ချောင်းမြို့နယ် အောက်ဘက်အခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ကနေ လေယာဥ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိနေကြောင်း KNLA တပ်ရင်း ၁၂...

စစ်ကောင်စီ၏ ယာယီအပစ်ရပ်သက်တမ်းတိုးမှု ယုံကြည်စရာမရှိဟု မွန်၊ ကရင် တိုင်းရင်းသားအင်အားစုက တုံ့ပြန်

စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်လိုက်သည့် ထုတ်ပြန်ကြေညာချက်အပေါ် ယုံကြည်စရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က တုံ့ပြန်ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဘေးဒဏ်ကနေ ပြန်လည်ထူထောင်ရေးအတွက်ဆိုကာ ယာယီအပစ်ခတ်ရပ်စဲရေးပြုလုပ်ရန် ကြေညာထားသည့်...