|
|
| စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၈ မတ် ၂၀၂၄
ရုံးချုပ် – ချင်းမိုင် အဖွဲ့ခေါင်းဆောင် – ဗိုလ်ချုပ်ကြီး ယွက်စစ် (RCSS) ဒုတိယအဖွဲ့ခေါင်းဆောင် – နိုင်အောင်မင်း (NMSP) အထွေထွေအတွင်းအရေးမှူး – ဗိုလ်မှူးကြီးစိုင်းငင်း (RCSS) တွဲဖက်အထွေထွေအတွင်းရေးမှူး – ဗိုလ်မှူးကြီးစောကျော်ညွန့် (KPC) စေ့စပ်ညှိနှိုင်းရေးမှူး – ဦးမျိုးဝင်း ကိုယ်စားပြုအဖွဲ့ – RSSS/SSA၊ NMSP၊ KPC၊ DKBA၊ LDU၊ ALP၊ PNLO NCA အရ ဖြစ်တည်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ အခန်းကဏ္ဍ တခန်းရပ်သွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီနှင့် နွေဦးတော်လှန်ရေးအင်အားစုများအကြား ဝေခွဲမရနိုင်ကြသေးသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့ဖြင့် စုဖွဲ့ထားသည့် 7 EAO Alliance သည် NCA ကို ဆက်လက်ကိုင်စွဲထားပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်သွားရန် ရည်မှန်းထားသည်ဟု ဆိုပါသည်။ သို့သော် 7 EAO Alliance အတွင်း ပါဝင်သည့် ALP၊ LDU နှင့် PNLO တို့ကမူ ၎င်းတို့၏ မိခင်အဖွဲ့အစည်းများအတွင်း သဘောထားကွဲလွဲခဲ့ကြပြီး NCA ကို ဆက်လက်ကိုင်ဆွဲမည့်အုပ်စုနှင့် နွေဦးတော်လှန်ရေးအင်အားစုများဘက် ရပ်တည်လာသည့်အုပ်စုဟူ၍ ကွဲထွက်သွားခဲ့ပါသည်။ 7 EAO Alliance အတွင်း ပါဝင်ကြသည့် အုပ်စုများသည် NCA အား ဆက်လက်စွဲကိုင်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်ရှိနေသော်လည်း နွေဦးတော်လှန်ရေးအင်အားစုများဘက်သို့ ရပ်တည်လာသည့် အုပ်စုများသည် ဒေသအလိုက် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ စစ်ကောင်စီအား စစ်ရေးအရ ဖိအားပေးရန် ကြိုးပမ်းလျက်ရှိပါသည်။ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ သက်ဆိုင်ရာအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ အားထုတ်သွားမည်ဖြစ်ကြောင်း 7 EAO Alliance က သဘောထားထုတ်ပြန်ထားသော်လည်း အာဏာသိမ်းစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအသစ် ဖြစ်မြောက်ရေးအတွက် မည်သို့သဘောထားသည်ကို ရှင်းရှင်းလင်းလင်းမတွေ့ရသေးဟု ဆိုရပါမည်။ ရွေးကောက်ပွဲအသစ်နှင့်အတူ ဖြစ်တည်လာမည့် လွှတ်တော်နှင့် အစိုးရသစ်ကို စောင့်ဆိုင်းကာ NCA လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်နိုင်ရေး မျှော်မှန်းထားသလားဟူသည်က စောင့်ကြည့်ရပါမည်။ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance)
By MPM
18 စက်တင်ဘာ, 2025
👁