29 ဇွန် 2025 /

See today's Peace Related News

Homeအပတ်စဉ်သုံးသပ်ချက်စစ်အာဏာသိမ်းကာလအတွင်း ဘက်မလိုက်မူဝါဒနှင့် 'ဝ' တပ်၏ ခြေလှမ်းများ - အမှတ် ၁၅၀

စစ်အာဏာသိမ်းကာလအတွင်း ဘက်မလိုက်မူဝါဒနှင့် ‘ဝ’ တပ်၏ ခြေလှမ်းများ – အမှတ် ၁၅၀

စစ်အာဏာသိမ်းကာလအတွင်း ၎င်းတို့၏ သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာများကို အခြေပြုကာ “ဝ” ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ၏ အကျိုးစီးပွားအတွက် စဉ်းစားပြီး မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခတွင်မျှ ပါဝင်ပတ်သက်မှုမပြုခြင်း၊ စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်အတည်ပြုထားကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။ ယင်းရပ်တည်ချက်သည် မည်သည့်အချိန်ကာလ၊ မည်သည့်အခြေအနေတွင်ဖြစ်စေ ပြောင်းလဲသွားမည်မဟုတ်ဟုလည်း ဆိုထားပါသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ကန့်ကွက်ခြင်းမပြုသကဲ့သို့ ထောက်ခံကြိုဆိုကြောင်းကိုလည်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ဟုဆိုရမည်ဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင်စတင်သော “၁၀၂၇ စစ်ဆင်ရေး” အလွန်တွင်မူ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့၏ ခြေလှမ်းများကို နွေဦးတော်လှန်‌ရေးအဝန်းအဝိုင်းအတွင်း ခပ်စိပ်စိပ် တွေ့ရှိလာရပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ဘက်မလိုက်မူဝါဒဖြင့် ရပ်တည်နေသော “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ၏ ခြေလှမ်းများကို အချက်အလက်၊ အဖြစ်အပျက်များကို အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>