ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၃၀ သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရရှိ

0
234

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်မှုများကြောင့် အရပ်သား ၃၀ ကျော် သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်ပတ်သက်သည်ဟူသော မဟုတ်မမှန် စွပ်စွဲချက်များဖြင့် အပြစ်မဲ့ အရပ်သား ၈၁ ဦး အား အင်အားသုံး ဖမ်းဆီးထားပြီး ထိုအထဲမှ ၂၂ ဦးသာ လွတ်မြောက်လာသေးသည်ဟု ဆိုသည်။

ယင်းအပြင် ကိုးကန့်၊ အထူးဒေသ(၁) အတွင်း အပြစ်မဲ့အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၆ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကာ တအာင်းဒေသတွင်း အရပ်သားပြည်သူ ၆၀ ကျော် သေဆုံး၍ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး နေ့ညမရွေး ဖျက်အားပြင်း လက်နက်ကြီးများဖြင့် ညသန်းခေါင် အချိန်မတော် လူသူတိတ်ဆိတ်သည့် အချိန်မျိုးတွင် နိုင်ငံတကာမှ တားမြစ်ထားသော cluster bomb များကဲ့သို့ ဗုံးများကို အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု များကို ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here