မြိတ်မြို့တွင် ဘယ်ရီဂိတ်များချကာ လုံခြုံရေးတင်းကြပ်

0
367

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့၏ အချက်အချာကျသည့် လမ်းဆုံနေရာများနှင့် မီးပွိုင့်နေရာတချို့တို့တွင် ယခုရက်ပိုင်းအတွင်း ဘယ်ရီဂိတ်များချထားကာ လုံခြုံရေးတင်းကြပ်မှုများ ရှိနေခြင်းကြောင့် မြိတ်မြို့နေ ပြည်သူများက စိုးရိမ်မှုများ ရှိနေကြ​သည်။

လုံခြုံရေး အတားအဆီးဖြစ်သည့် သံဆူးကြိုးပါဘယ်ရီဂိတ်များကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ
လ ၁ ရက်နေ့မှ စတင်ပြီး မြိတ်မြို့မ ရဲစခန်းဝင်းအတွင်းမှ ဟိုင်းဂျက်ကားများဖြင့် သယ်ယူကာ လိုက်လံချထား ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြိတ်တောင်နယ်မြေ စက်ဝင်းရပ်ကွက်နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးက “ဂိတ်တွေ လိုက်ချထားတာက တကယ့်လူစည်ကားတဲ့ နေရာတွေမှာချည်းပဲ တွေ့နေရတယ်။ ၁၀၂၇ စစ်ဆင် ရေးနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဘက်ကိုလည်း စစ်မီးကူးစက်လာမှာကို စိုးရိမ်ပြီး အရေးပေါ် ပိတ်ဆို့တား ဆီးနိုင်ဖို့ စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေတာ ဖြစ်နိုင်နေသလို အရေးကြီး လူကြီးလမ်းကြောင်းရှိတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဘယ်ရီဂိတ်များ ချထားသည့်နေရာများမှာ ကြံတောရပ် – ရွှေနှင်းဆီလမ်းဆုံ၊ ကန်ဖျားလမ်းဆုံ၊ အောင်မင်္ဂလာရပ် – ရွှေပြည်တန်လမ်းဆုံ၊ အဝေးပြေးကားဝင်းအသစ် ရဲကင်းအနီးလမ်းဆုံ၊ မြို့သစ်မီးပွိုင့်လမ်းဆုံ၊ ဘုရားကိုင်လမ်းဆုံ (မီးသွေးဖေါင်းတံတားထိပ်)၊ ရေပုန်းမီးပွိုင့်လမ်းဆုံ၊ ကမ်းနားလမ်း – ဂဏန်းရုပ်လမ်းဆုံ၊ အရှေ့သိမ်လမ်းဆုံနှင့် ကရာနီလမ်းဆုံတို့တွင် ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ အတားအဆီးဂိတ်များ ချထားကာ လုံခြုံရေးတင်းကြပ်ထားခြင်းကြောင့် မြိတ်မြို့ခံများ က ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများ မြန်မာပြည် တောင်ပိုင်းဒေသများဘက်သို့ ကူးစက်လာမည့်လား စိတ်ပူစိုးရိမ်နေကြသည်ဟု ဆိုသည်။

မြိတ်မြို့နေရာအနှံ့ လမ်းဆုံများတွင် ချထားသည့် ဘယ်ရီဂိတ်များကို ပြန်လည်ရုတ်သိမ်းခဲ့သည်မှာ တနှစ်ကျော်ခန့် ကြာရှိနေရာမှ ရုတ်ချည်းဆိုသလို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြီး ယခုကဲ့သို့ လုံခြုံရေးဘယ်ရီဂိတ်များ ပြန်ချ နေသည့်အတွက် မြိတ်မြို့ခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

မြိတ်မြို့တွင် ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ကန့်သတ် ထားခဲ့ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး ည ၁၂ နာရီမှ နံနက် ၃ နာရီ အချိန်ထိ တစ်နာရီလျှော့ချကာ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

ညမထွက်ရ အချိန်ကန့်သတ်ထားမှုကို လျှော့ချပေးခဲ့သော်လည်း အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လူ ၅ ဦးနှင့် အထက်စု‌ဝေးခြင်း၊ စီတန်းလှည့်လည်ဆန္ဒပြခြင်း၊ ဟောပြောခြင်း စသည်တို့ကိုမူ တားမြစ်ထားဆဲ ဖြစ်​သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here