ပဲခူးတိုင်း ကျောက်ကြီးတွင် ဖြစ်ပွားခဲ့သည့် ၁ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီ ၆၈ ဦး သေဆုံး

0
412
ပုံစာ - တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းတချို့။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ၁ လတာ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၈ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် ၁၄ ဦး ကျဆုံးခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF တပ်ရင်း ၉ က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒေသတွင်း ဇွန် ၁ ရက်မှ ၃၀ ရက်အထိ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်းနှင့် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိကြမှု ၂၀ ဦးကျော် ရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“တိုက်ပွဲဆိုတော့ နှစ်ဘက်အထိခိုက် သေဆုံးကျဆုံးတွေတော့ ရှိကြတာပေါ့။ ကျနော်တို့ ရဲဘော်ရဲဘက် ၁၄ ဦး ကျဆုံးခဲ့တယ်။ ဟို စကစဘက်ကတော့ ၆၈ ဦးလောက် သေတယ်ဗျ။ ပြီးခဲ့တဲ့ တစ်လအတွင်း တိုက်ပွဲတွေမှာပေါ့” ဟု KNLA/PDF တပ်ရင်း ၉ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ပွဲများသည် နတ်သံကွင်းနှင့် ဝါးပင်စု ကျေးရွာများ အနီးတဝိုက်တွင် အများဆုံး ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲကာလအတွင်း ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့ကို ဆက်သွယ်ထားသည့် စစ်တောင်းမြစ်ကူး ပေ ၇၂၀ ရှိ တံတားတစ်စင်း ပျက်စီးကျိုးကျမှု ဖြစ်ပွါးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here