အင်းစိန်အကျဉ်းထောင်အနီး ဗုံး ၃ လုံး ပေါက်ကွဲ

0
371
ပုံစာ - အင်းစိန်အကျဉ်းထောင်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်အနီး ဇွန်လ ၆ ရက် ည ၉ နာရီ ဝန်းကျင်ခန့်က ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ပေါက်ကွဲမှုသည် ဘုရင့်နောင်လမ်းဘက်ခြမ်းရှိ အင်းစိန်အကျဉ်းဦးစီးဌာနအပြင် ခြုံစည်းရိုး အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အနီးရပ်ကွက်နေ ဒေသခံတစ်ဦးက “ထိခိုက်တယ်လို့တော့ မကြားမိဘူးဗျ။ မနက်က အဲ့နားက ဖြတ်လာတော့ လုံခြုံရေးတော့ နည်းနည်းတိုးထားတာတွေ့တယ်” ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့က အင်းစိန်ထောင် လုခြုံရေးဂိတ်အား ဗုံး ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။

“ပြင်ဆင်ထားတာက ၅ လုံးပါ။ ဒါပေမယ့် ၃ လုံးပဲ ဖောက်ခွဲနိုင်ခဲ့တယ်။ ၂ လုံးကတော့ အဲဒီကောင်တွေ တွေ့သွားတယ်။ ဖြစ်ဖြစ်ခြင်း လက်နက်တွေနဲ့ ရမ်းသမ်းပစ်ခတ်လာတာတော့ ရှိတယ်။ ကျနော်တို့ အဖွဲ့တော့ ထိခိုက်တာ မရှိခဲ့ပါဘူး” ဟု မြို့ပြပြောက်ကျားအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုများသည် အင်းစိန်အကျဉ်းထောင် မင်းစေတီဘေး ဝင်ပေါက်အနီး ၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ လာရောက်စဉ် ဗုံးများထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။

အင်းစိန်အကျဉ်းဦးစီးဌာနအတွင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလပိုင်းအတွင်းက ထောင်ဝင်စာပေးပို့သည့် အဆောက်အဦးအတွင်း လူသေဆုံးမှု ၈ ဦး အထိ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့အတွင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် လှိုင်မြို့နယ်တို့တွင်လည်း ဇွန်လ ၆ ရက် ညက ပေါက်ကွဲပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

နိရဉ္စရာ -ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here