
တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံသို့ (၃) ရက်တာ အလုပ်သဘောခရီးစဉ်သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံခင်းတမန်ခင်းချဉ်းကပ်မှုများကို မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့ပါပြီ။ မြန်မာနိုင်ငံအတွင်းရှိ သံရုံးယာယီတာဝန်ခံအား နှင်ထုတ်ခံရသည်အထိ စစ်အုပ်စု၏ ဖိအားပေးခြင်းကို ကြုံတွေ့ခဲ့ရသည့် တီမောလက်စ်တေ (အရှေ့တီမော) အစိုးရသည် ၎င်းတို့၏ အစိုးရသစ်ကျမ်းသစ္စာဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား အစိုးရတစ်ရပ်အနေ ဖြင့် အသိအမှတ်ပြုကာ တက်ရောက်စေခဲ့ပြီး နွေဦးတော်လှန်ရေးအတွက် ဒီမိုကရေစီမဟာမိတ်အဖြစ် ရပ်တည်ပြခဲ့ဖူးပါသည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးချဉ်းကပ်မှုများနှင့် နိုင်ငံတကာမျက်နှာစာအတွင်း အရွေ့အတွန်းများကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုပြီးလေ့လာတင်ပြသွားပါမည်။
ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>