
“မြန်မာနိုင်ငံရဲ့ ခံစားနေရတဲ့ ဒုက္ခတွေက ကျွန်တော်တို့ရဲ့ ဒုက္ခတွေပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရရှိဖို့နဲ့ ပြန်လည်ကုစားနိုင်ဖို့အတွက်ဆိုရင်တော့ မေမေ လွတ်မြောက်မှ ဖြစ်ပါလိမ့်မယ်”
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်၊ တနင်္ဂနွေနေ့၊ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင်ကျင်းပသော “ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးအတွက် ဆုတောင်းခြင်းအခမ်းအနား” တွင် ဒေါ်အောင်ဆန်းစု၏ သားငယ် ကင်မ်အဲရစ် (ကိုထိန်လင်း) က အထက်ပါသတင်းစကားကို ပေးပို့ခဲ့သည်။
စစ်မှန်သော ငြိမ်းချမ်းရေးဟူသည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဂရုဏာတရားတို့အပေါ်တွင်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး ဖိနှိပ်ခံရမှုနှင့် တိတ်ဆိတ်နေမှုတို့တွင် အရင်းခံခြင်းမဟုတ်ကြောင်း သူ့မေမေက အမြဲသင်ပြပေးခဲ့သည်ဟု ကိုထိန်လင်းက ဆိုသည်။ “မေမေနဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာရှိနေသရွေ့ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာမဟုတ်ပါဘူး” ဟုလည်း ကင်မ်အဲရစ်က ယုံကြည် ထားသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် သားတစ်ယောက်၏ လှုပ်ရှားမှုများနှင့် မျက်မှောက်ခေတ်ကို ထင်ဟပ်စေသာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များကို လက်လှမ်းမှီသမျှ လေ့လာတင်ပြသွားပါမည်။
ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>