အပတ်စဉ်သုံးသပ်ချက် – အမှတ် ၂၀၆/၂၀၇ “စစ်အုပ်စုအတွက် ‌တိုက်တွန်းချက်၊ တရုတ်အစိုးရ၏ မျှော်လင့်ချက်နှင့် ထည့်စဉ်းစားရမည့် တော်လှန်‌ရေး၏ ဘုံနိုင်ငံ‌ရေးရပ်တည်ချက်များ”

By MPM 23 အောက်တိုဘာ, 2026 👁 297

တချို့က တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံဟု သရော်ကြသည်။ တချို့ကတော့ မြန်မာနိုင်ငံသည် တရုတ်လက်ခုတ်ထဲကရေဟု သမုဒ်ကြသည်။ ယင်းတို့အားလုံးသည် မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ လွှမ်းမိုးစွက်ဖက်ခြင်းကို သွယ်ကာဝှိက်ကာ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ သို့သော် တရုတ်အစိုးရကမူ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း အလျင်းမရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပါသည်။

သို့နှင့်တိုင် မြန်မာပြည်အတွက် တရုတ်အစိုးရ၏ စည်း (၃) စည်းကို နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီး အဆိုပါစည်း (၃) စည်းအား ခိုင်မာစွာထိန်းသိမ်းထားရမည်ဟု သတိပေးခဲ့သည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း (Deng Xijun) က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများ ရှာဖွေကြဖို့ တိုက်တွန်းလာပြန်သည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်းကာလ ငါးနှစ်ကျော် ခြောက်နှစ်အတွင်း ရောက်ရှိလာသည့် မြန်မာနိုင်ငံ၏ စစ်ရေးနိုင်ငံရေးအခင်းအကျင်း၊ အရွေ့အပြောင်းများအတွင်း ခပ်စိပ်စိပ်မြင်တွေ့လာရသည့် တရုတ်အစိုးရ၏ ခြေလှမ်းများ၊ ဦးတည်ရာပေးထားချက်များနှင့် ကြောင်းကျိုးဆက်စပ်မှုအခြေအနေများကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>