အပတ်စဉ်သုံးသပ်ချက် – အမှတ် ၂၀၃ “SCEF ၊ NUG ပြုပြင်ပြောင်းလဲရေးနှင့် တော်လှန်ရေး အရွေ့အပြောင်းများ”

By MPM 28 ဩဂုတ်, 2026 👁 343

၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းဖြစ်တည်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် ၅ နှစ်ကျော် ကြာမြင့်လာခဲ့သော နွေဦးတော်လှန်‌ရေးကာလအတွင်း တော်လှန်ပြည်သူများ၏စိတ်နှလုံးကို လှုပ်နှိုးနိုင်ခဲ့သည့် အစုအဖွဲ့သစ်တစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။

မဏ္ဍိုင် (၃) ရပ်ဖြင့် ဖွဲ့စည်းထားသည့် SCEF ၏ အဓိကနိုင်ငံရေးရည်မှန်းချက် (၆) ရပ်ကမူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် K2C+NUG ၏ ဘုံသဘောထားရပ်တည်ချက်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် Bottom-up Federalism ချဉ်းကပ်မှုဖြင့် အဖွဲ့ (၉) ဖွဲ့ ၏ သဘောထား၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် 2C3N ၏ ပူးတွဲကြေညာချက် စသော ဘုံသဘောထားရပ်တည်ချက်များ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် ခြားနားမှုတစုံတရာ မတွေ့ရပေ။ သို့သော် SCEF ၏ ခြေလှမ်းများသည် သွက်သည်၊ လှုပ်သည်။ တွေ့သင့်တွေ့ထိုက်သော တော်လှန်အင်အားစုများနှင့် ခပ်မြန်မြန်ထိတွေ့ဆက်ဆံသည်။ ပြည်တွင်းတော်လှန်ရေးအင်အားစုများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းရှိ တော်လှန်ပြည်သူများအကြား SCEF ကို မိတ်ဆက်သည်။ နိုင်ငံတကာအစိုးရ၊ သံတမန်အဝန်းအဝိုင်းအတွင်း SCEF အနေဖြင့် ထိုးဖောက်ဝင်ရောက်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် SCEF ၏ ဖြစ်တည်မှု၊ ဖွဲ့စည်းပုံနှင့် ဦးတည်ရာ၊ SCEF ကြောင့် ပြောင်းလဲလာနိုင်သော တော်လှန်ရေး၏ စုဖွဲ့မှု၊ ပူးပေါင်းလှုပ်ရှားမှု စသည့် စစ်ရေး၊ နိုင်ငံရေး အရွေ့အပြောင်းများ၊ အလားအလာများကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များအခြေပြုကာ လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>