“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းနှင့် တရုတ်အစိုးရ၏ အတိုးအလှုပ်များ – အမှတ် ၁၅၂

By MPM 4 စက်တင်ဘာ, 2024 👁

တချို့က “မြန်မာဆိုတာ တရုတ်လက်ခုပ်ထဲက ရေ” ဟု သမုတ်ကြသည်။ တရုတ်အစိုးရသည် အာဏာသိမ်းစစ်အုပ်စုကို ထိပ်ပုတ်၊ ခေါင်းပုတ်ပြုလုပ်နိုင်စွမ်းသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများကိုလည်း ဖိအားပေးအကြပ်ကိုင်နိုင်စွမ်းရှိနေသည်ဟု တရုတ်၏ အခန်းကဏ္ဍကို အမွှမ်းတင်ကြသည်။

သြဂုတ်လ ၂၉ ရက်၊ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီမှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PLSF/TNLA) သို့ သတိပေးစာနှင့်ပတ်သက်ပြီး “ဒီတစ်ခေါက် စာပို့ခြိမ်းခြောက်တာက တော်တော်ပြင်းထန်နေတယ်။ စစ်အာဏာရှင်ကျဆုံးခန်းကို တရုတ်က ဘယ်လိုနည်းနဲ့မှ လက်မခံကြောင်းကို ဒီစာသက်သေပါပဲ” ဟု ကောက်ချက်ချသူလည်းရှိပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor အပတ်စဉ်သတင်းသုံးသပ်ချက်တွင် တရုတ်အစိုးရ၏ TNLA သို့ ခြိမ်းခြောက်စာ၊ တရုတ်အစိုးရ၏ စစ်အုပ်စုပရိုမိုးရှင်းလှုပ်ရှားမှုများနှင့် တော်လှန်ရေးအင်အားစုများအပေါ် သဘောထားများကို အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>