
ထာဝရငြိမ်းချမ်းရေးဖြစ်စေ၊ ယာယီငြိမ်းချမ်းရေးဖြစ်စေ ခေတ်အဆက်ဆက်အသုံးပြုလာခဲ့သည့် ငြိမ်းချမ်းရေးဟူသည် စစ်အုပ်စုအတွက် အမည်ခံမျှသာဖြစ်ပါသည်။ ယာယီအပစ်အခတ်ရပ်စဲရေးဖြစ်စေ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စေ စစ်အုပ်စုသည် အစဉ်အဆက် ချိုးဖောက်ခဲ့စမြဲဖြစ်သည်။ ပြီးခဲ့သည့်လ တတိယအပတ်အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်တွင်ပင် အာဏာသိမ်းစစ်အုပ်စု ကမကထပြုမည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုသာ ဦးတည်ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ ထို့ကြောင့် စစ်အုပ်စုနှင့် ၎င်းတို့၏ အပေါင်းအပါများ တွင်တွင်အသုံးပြုနေသော “ငြိမ်းချမ်းရေး” ဟူသည် လူကြားကောင်းရုံ နာမည်တပ်ခြင်းသာ ဖြစ်ပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်နှင့် စစ်အုပ်စု၏ ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားမှုများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>