အပတ်စဉ်သုံးသပ်ချက် – အမှတ် ၂၀၉ “နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာခြင်း၊ စစ်အုပ်စုအကျပ်အတည်း၊ လူထုအခက်အခဲနှင့် ကျရှုံးနိုင်ငံဆီ ဦးတည်‌နေသော လက္ခဏာများ”

By MPM 23 နိုဝင်ဘာ, 2026 👁 419

ကမ္ဘာကျော် ကားတံဆိပ်တစ်ခုဖြစ်သည့် ISUZU ကားလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများအား ရပ်ဆိုင်းကာ ထွက်ခွာတော့မည်ဟု ဆိုသည်။ ဗြိတိန်အခြေစိုက် လူသုံးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Unilever ကုမ္ပဏီကလည်း ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာဖက်စပ်လုပ်ငန်းများမှ အစုရှယ်ယာများကို အပြီးအပြတ်ရောင်းချကာ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အီတလီနိုင်ငံအခြေစိုက် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီကြီးတခုဖြစ်သည့် SIAE Microelettronica ကလည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ ကုမ္ပဏီခွဲဖြစ်သော SIAE Microelettronica Myanmar Company Limited ကို ဖျက်သိမ်းတော့မည်ဟု ဆိုလာပြန်သည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်းများ ထွက်ခွာခြင်း၊ ပြည်တွင်းကုမ္ပဏီလုပ်ငန်းများ ဖျက်သိမ်းခြင်းတို့ကို ခပ်စိပ်စိပ်တွေ့ရှိလာရသလို ကျပ်ငွေဘီလီယံနှင့်ချီသော အာဏာသိမ်းစစ်အုပ်စု၏ ငွေစက္ကူရိုက်နှိပ်မည့်သတင်းများကြောင့်လည်း ကျပ်ငွေတန်ဖိုး သိသာစွာကျဆင်းကာ ပြည်သူလူထုအတွက် အခက်အခဲများကြုံတွေ့လာခဲ့သည်ကို တွေ့ရှိရပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor (BNI-MPM) ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် လက်ရှိ အာဏာသိမ်းစစ်အုပ်စု၏ အကျပ်အတည်းနှင့် မြန်မာပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများမှတဆင့် ကျရှုံးနိုင်ငံဆီ ဦးတည်နေသောအချက်ပြလက္ခဏာများကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>>