ဒုတိယအကြိမ် ပြည်သူ့ညီလာခံနှင့် အန်ယူစီစီ ဘာလဲ၊ ဘယ်လဲ – အမှတ် ၁၄၁

By MPM 31 မတ်, 2024 👁

၂၀၂၄ ခုနှစ် မတ်လ ၈ ရက်သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းခြင်း (၃) နှစ်မြောက်နေ့ဖြစ်သည်။ ရွေးကောက်ခံလွှတ်တော်အမတ်များအပါအဝင် အသွင်သဏ္ဍန်မျိုးစုံဖြင့် လူထုထောက်ခံမှုကို ရရှိနေကြသော အင်အားစုများစုပေါင်းဖွဲ့စည်းထားသည့် NUCC သည် ၎င်းတို့ကိုယ်တိုင် (၆) လတကြိမ်ပြုလုပ်ရန် မူဝါဒချမှတ်ထားသည့် ပြည်သူ့ညီလာခံကို တာဝန်ခံရမည်ဖြစ်သည်။ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ် ပြည်သူ့ညီလာခံကိုမူ (၆) လအတွင်း ကျင်းပနိုင်ရန် နှောင့်နှေးကြန့်ကြာနေခဲ့ပါသည်။ ထို့ကြောင့် NUCC အဖွဲ့ဝင်အဖွဲ့အစည်းများ၏ ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုသည် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

“စစ်အာဏာရှင်စနစ်အပါဝင် အာဏာရှင်မှန်သမျှ ဖယ်ရှား၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းညီညွတ်မှုအင်အားတို့ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်” ဟူသော အချက်သည် ပထမအကြိမ်ပြည်သူ့ညီလာခံအပြီး ထုတ်ပြန်ချက်ပါ အချက် (၁၀) ချက်ထဲမှ တချက်ဖြစ်ပြီး (၂) နှစ်ကျော်ကြာမြင့်ခဲ့ပြီဟု ဆိုရပါမည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ် သတင်းသုံးသပ်ချက်တွင် မကြာခင်ကျင်းပရန် လျာထားသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအတွင်း NUCC ၏ အခန်းကဏ္ဍ၊ NUCC ၏ ဦးတည်ရာနှင့် ၎င်းတို့၏ စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို အခြေပြုကာ လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>