စားပွဲဝိုင်းပေါ်ရောက် ရှမ်းမြောက်ဒေသ ပွတ်တိုက်မှုများ – အမှတ် ၁၄၉

By MPM 22 ဇူလိုင်, 2024 👁

SSPP/SSA နှင့် PSLF/TNLA အကြား၊ PSLF/TNLA နှင့် KIO/KIA အကြား၊ KIO/KIA နှင့် MNTJP/MNDAA အကြား၊ MNTJP/MNDAA နှင့် SSPP/SSA အကြား စသည့် မဟာမိတ်အချင်းအချင်းအကြား နယ်မြေပိုင်ဆိုင်မှုအပေါ် အခြေပြုသော ပွတ်တိုက်မှုများသည် FPNCC ၏ နိုင်ငံရေးစားပွဲဝိုင်းပေါ်အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးများ မှီတင်းနေထိုင်ရာ ရှမ်းမြောက်ဒေသတွင် အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏ လက်အောက်ခံတပ်ရင်း၊ တပ်စခန်းနှင့် စစ်ကောင်စီထောက်တိုင်အားလုံးကို ဖြိုဖျက်ရှင်းလင်းနိုင်ခဲ့သည့်တိုင် အသိနှင့်သတိတွဲဖက်ကာ ဂရုတစိုက်ဖြေရှင်းရမည့် မဟာမိတ်ပွတ်တိုက်မှုများသည် တရွေ့ရွေ့တိုးပွားလာခဲ့ပြီဖြစ်သည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ရှမ်းမြောက်ဒေသရှိ မဟာမိတ်တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှုများကို ဖြစ်စဉ်ဖြစ်ရပ်များအခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>