စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်၊ ပြည်သူလူထု၏ အကြပ်အတည်းနှင့် နွေဦးတော်လှန်ရေး လမ်းဆုံလမ်းခွ – အမှတ် ၁၇၆/၁၇၇

By MPM 27 ဩဂုတ်, 2025 👁 187

အတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင်ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်၊ လုပ်ပွဲ စသော စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအသစ်ကို ကန့်ကွက်ရှုတ်ချနေကြသည့်တိုင် အပိုင်း (၁) အဖြစ် ရွေး ကောက်ပွဲကျင်းပမည့်ရက်ကိုပင် အာဏာသိမ်းစစ်အုပ်စုက ကြေညာခဲ့ပြီဖြစ်သည်။ မြို့နယ်ပေါင်း (၁၀၂) မြို့နယ်အတွင်း ကျင်းပမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ် အပိုင်း (၁) သည် ပြည်သူများ ဆန္ဒမဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ရွေးကောက်ခံအမတ်များ ရှိရုံ၊ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်အဖြစ် အမည်ခံသပ်သပ် ကြေညာရုံဖြင့်လည်း အထမြောက်သည်ဟု စစ်အုပ်စုက ခံယူထားပုံရသည်။

ထို့ကြောင့် ကန့်ကွက်ရှုတ်ချခြင်း၊ တရားမဝင်ကြောင်း၊ အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာခြင်း၊ No Vote (မဲမပေးရေး) လှုပ်ရှားမှုများနှင့် စစ်အုပ်စု၏ ရွေးကောက်ပွဲဖြစ်စဉ်အတွင်း ပူးပေါင်းပါဝင်ပတ်သက်သူများအား ဖိအားပေးခြင်းတို့သည်လည်း စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ်အား ဟန့်တားရပ်တန့်နိုင်လိမ့်မည်မဟုတ်ဟု ဆိုရပါမည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင်း စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ် အစီအစဉ်၊ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် တော်လှန်ရေးအင်အားစုများ၏ ရွေးချယ်ရာတို့ကို လေ့လာတင်ပြသွားပါမည်။

ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ကူးယူပါ>>