ထားဝယ်၊ မောင်မယ်ရှောင်ကျေးရွာနေအိမ်များ ဖောက်ထွင်းသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး

0
228
Photo - CJ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံနေအိမ်များကို ဝင်ဖောက်ထွင်းသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၁၀ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တပ်အင်အား ၇၀ ကျော်ပါသည့် စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ကျေးရွာထဲကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က ဝင်ရောက်လာပြီးနောက် ဒေသခံတို့၏နေအိမ်များကို ဝင်ရောက်ဖောက်ထွင်းနေသည့်ဟု သတင်းအရ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တပ်အကြား အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ရာ၌ စစ်ကောင်စီက အလစ်ငိုက် တိုက်ခိုက်ခံရတဲ့တာကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့တာဖြစ်ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

မောင်မယ်ရှောင်ကျေးရွာသည် စစ်ကောင်စီတပ် မကြာခဏစစ်ကြောင်းထိုးခြင်း တပ်စွဲနေထိုင်ခြင်းတို့ကြောင့် ဒေသခံပြည်သူအများစုသည် လွန်ခဲ့သောနှစ်လကျော်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြကြောင်း ဒေသခံများက ပြောသည်။

ယင်းတိုထက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး အရာရှိတစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း အဆိုပါပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် DNLA၊ TPLF၊ ဧဒင်မူး ထားဝယ် ပကဖ၊ DGRF ၊ သာဂရ စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မောင်မယ်ရှောင်ကျေးရွာတွင် ငါးရက်ကြာတပ်စွဲပြီး ဒေသခံတို့နေအိမ်များကို ဝင်ရောက်ဖောက်ထွင်းခဲ့သည့် စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ခံရပြီး ထိုနေ့ ဇူလိုင် ၂၈ ရက်နေ့တွင်ပင် စစ်ကြောင်းပြန်ထွက်သွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။

အဆိုပါစစ်ကောင်စီကြောင်း မောင်မယ်ရှောင်ကျေးရွာခံ ၃ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိတွင် ကျန်ဒေသခံတို့ ပြန်လွတ်မြောက်လာသော်လည်း အသက် ၂၅ နှစ်အရွယ် ဒေသခံဖြစ်သူ ကိုဇော်ဇော် သတင်းအစနမရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here