ထားဝယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

0
180
Photo - ဗထူးတပ်မတော်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဇဟာကျေးရွာလမ်းမကြီး၌ တပ်မတော်နေ့အခမ်းအနားကို လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်ကို ဝင်ရောက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဗထူးတပ်မတော်၏ ပြောဆိုမှုအရ သိရသည်။

မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲခန့်၌ အင်အား ၅၀ ဝန်းကျင်နှင့် လုံခြုံရေးယူပေးနေသော အမှတ် (၃၀၄) အမြောက်တပ်မှ တပ်ဖွဲ့ဝင်များကို ဗထူးတပ်မတော်နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ၁၅ မိနစ်နီးပါးကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဗထူးတပ်မတော်၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ပြောပါသည်။

ယနေ့ (မတ် ၂၈ ရက်နေ့) မနက်ပိုင်းတွင်လည်း အဆိုပါအမြောက်တပ်က အင်အား ၅၀ ဝန်းကျင်နှင့် ဇဟာကျေးရွာထိပ်ရှိ ဒေသအခေါ် ကုလာဝိတ်ဘုရားအနီးအနား၌ ကင်းပုန်းဝပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

ပြီးခဲ့သည့် မတ် ၃ ရက်နေ့က ဇဟာကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here