ကရင်နီပြည်တွင် အာဏာသိမ်းကာလ ၃ နှစ် ကျော်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦးကျဆုံးခဲ့

0
248

ကရင်နီ (ကယား) ပြည်တွင် လက်နက်ကိုင်တိုက်ပွဲများ စတင်သည့် ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၄ ခုနှစ်အထိ၊ ၃ နှစ်ကျော် ကာလအတွင်း ကျဆုံးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦး ရှိကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) ၏ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစာရင်းသည် ကရင်နီပြည်အတွင်းက တိုက်ပွဲများအပြင် မိုးဗြဲ၊ ဖယ်ခုံနှင့် ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲများ အတွင်း ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များ စာရင်းဖြစ်သည်ဟု PKPF ၏ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

“စာရင်းအရကတော့ ကရင်နီပြည် တိုက်ပွဲပဲလားဆိုတော့ မိုးဗြဲ၊ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ကျဆုံးမှု စာရင်းရော ဆီဆိုင်ဘက်မှာရော အကုန်ထည့်ထားပါတယ်” ဟု PKPF ၏ အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင် ၅၁၅ ဦး စာရင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည် တပ်မတော် (KA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ၎င်းက ဆိုသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ တော်လှန်ရေးကာလ ၃ နှစ်ကျော် အတွင်း ကရင်နီပြည်တွင် တိုက်ပွဲပေါင်း ၁,၀၄၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၁,၄၀၄ ကြိမ် ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here