ဟုမ္မလင်းလမ်းပိုင်းတချို့ကို စစ်ရေးတင်းမာမှုကြောင့် ပိတ်ထား

0
130
Photo - CJ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA၊ PDF ပူးပေါင်းတပ်များနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့အကြား တင်းမာနေသည့် စစ်ရေးအခြေနေများကြောင့် နောင်ပူအောင်-နမ့်တော လမ်းပိုင်းအား ပိတ်ထားသည်မှာ တစ်လနီးပါးကြာမြင့်လာနေပြီဟု ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် ဟုမ္မလင်း နားမော် – နမ့်စကား – ပေါက်ပင် – နမ့်တော လမ်းပိုင်းများသကို ယာယီအားဖြင့် နှစ်ဖက်တပ်များက ပိတ်ထားဆဲဖြစ်ပြီး နောင်ပတ်ကျေးရွာနှင့် ခေါက်ငိုးကျေးရွာမှ ကူးတို့ဖြင့် ဥရုချောင်းတဖက်ကမ်းသို့ ကူးခတ်ပြီး ကြန့်ကြာစွာ သွားလာနေကြရသည်ဟု ဆိုသည်။

ဟုမ္မလင်းမြို့နယ်ဒေသခံတစ်ဦးက “ နားမော်၊ နောင်တောဘက်တွေကို သွားလို့မရဘူး။ နမ့်တောဘက်ကလာရင် နောင်ပတ်၊ ပင်းမခေါ်ဘက်ကို ကူးတို့နဲ့ကူးသွားပြီးတော့ ဟုမ္မလင်းဘက်ကို သွားရတယ်” ဟု ပြောသည်။

အဆိုပါလမ်းပိုင်းအား ခေတ္တကန့်သတ် ပိတ်ထားဆဲဟုဆိုသော်လည်း ဒေသခံပြည်သူများမှာ ထိုလမ်းပိုင်းကို အသုံးမပြုနိုင်သည်မှာ တစ်လနီးပါး ကြာမြင့်လာပြီလည်း ဖြစ်သည်။

ထိုလမ်းပိုင်းအနီးရှိ နားမော်ကျေးရွာအတွင်းတွင် တိုက်ပွဲကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး ကျေးရွာအတွင်း တိုက်ပွဲကြောင့် အိမ်အများစု မီးလောင်ပျက်စီးမှုများရှိသည်ဟု သိရသော်လည်း စာရင်းအတိအကျကို မသိရှိနိုင်သေးပေ။

ဟုမ္မလင်းမြို့နယ် နောင်ပူအောင် စံပြကျေးရွာအုပ်စုအတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့မှစပြီး လက်ရှိချိန်အထိ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေဆဲလည်း ဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here