ရေဖြူမြို့ ဇီးကျဒေသခံ ၁၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံရ

0
238
Photo - Social Media

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာ ဒေသခံပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အမျိုးသားများကို ရိုက်နှက်မှုကျူးလွန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တပ်အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းမှာ ဇီးကျကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ထားဝယ်ထောင်သစ် မီးရှို့ဖျက်ဆီးခံရခြင်း၊ တိုးဂိတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇီးကျဒေသခံပြည်သူများကို ထိုသို့ဖမ်းဆီးစစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်တာဖြစ်တယ်လို့ ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ဒေသခံ ၉၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း လူငယ် ၇ ဦးကို ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်ထံ ခေါ်ဆောင်သွားကြောင်း ဒေသခံရွာသားများက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသော လူငယ် ၇ ဦးကို ညနေပိုင်း၌ ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ဒီဇင်ဘာ ၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်သစ် တည်ဆောင်ရေး လုပ်ငန်းခွင်ကို တော်လှန်ရေး အင်အားစုများက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက်နေ့တွင် လမ်းအသုံးပြုခကောက်ခံသည့် တိုးဂိတ်ကို ဝင်ရောက်မီးရှို့ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများကြောင့် အရပ်သားပြည်သူ ၂၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here