မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ကို စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ရဲ (၇) ဦး လက်နက်များဖြင့် အလင်းဝင်

0
810

မကွေးတိုင်း၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲ (၇) ဦး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့အတွက် ဂုဏ်ပြုငွေ ပေးအပ်ထားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း (၁) ဗိုလ်လက်ျာက ပြောပါတယ်။

ဧပြီလ (၃) ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်က စစ်ကောင်စီတပ်မ-၁၀၁ က စစ်သား (၃) ဦးနဲ့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲ (၄) ဦးတို့ အလင်းဝင်ရောက်လာတာပါ။

အရင်ကချိတ်ဆက်ထားတဲ့ တပ်တွင်းကိစ္စရပ်တွေရ အခုချိန်မှ အလင်းဝင်ရောက်လာတာပါ။ အလင်းဝင်လာတဲ့သူတွေကို တစ်ဦး ငွေကျပ် (၁၀၆) သိန်းစီ ဆုချီးမြှင့်ထားပြီး စုစုပေါင်း (၇၂၄) သိန်းကျပ်ကို ပေးအပ်ထားတယ်လို့ ဗိုလ်လက်ျာက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ပူးပေါင်းလာသူတွေနဲ့အတူ MA-3 အမျိုးအစား သေနတ်(၃) လက်၊ G-3အမျိုးအစား သေနတ် (၂) လက်၊ G-4 အမျိုးအစားသေနတ် (၂) လက်စုစုပေါင်း (၇) လက်ပါလာတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို CDM ဝင်လာတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်သား (၃၀) ကျော်ရှိနေပြီး အခုအလင်းဝင်လာသူတွေနဲ့ဆိုရင် အယောက် (၄၀) နီးပါးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေနဲ့ ပူးပေါင်းလာတဲ့ CDM တပ်သား (၁၆၀၀၀) ကျော်ရှိလာပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here