ဒုတိယအကြိမ်စစ်ကိုင်းဖိုရမ်တွင် ပိုအားကောင်းသည့်နိုင်ငံရေး Stateholder အဖွဲ့အစည်းများ ဖိတ်ခေါ် ဆွေးနွေးမယ်

0
346

စစ်ကိုင်းဖိုရမ် ဒုတိယအကြိမ်တွင် ပိုအားကောင်းသည့် နိုင်ငံရေး Stateholder အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ဖိတ်ခေါ်ရေးအတွက် ဆောင်ရွက်မှုရှိနေသည်ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က ဇူလိုင်လ ၁ ရက်ပါ ရက်စွဲဖြင့် ကြေညာချက်တခု ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကိုင်းဖိုရမ်ပြီး တစ်လအတွင်းမှာ တိုင်းအတွင်း အင်အားစု ၂ ဖွဲ့၊ တိုင်းပြင်ပတော်လှန်ရေး ၂ ဖွဲ့၊ ပြည်ပရောက်ပြည်သူများ အစုအဖွဲ့ ၃၇ ဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်း ၂ ဖွဲ့တို့ဖြင့် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းဖိုရမ်ကို ၂၀၂၃ ခုနှစ် မေလ ၃၀ နှင့် ၃၁ ရက် နှစ်ရက်တာ ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းဒေသအတွင်း တော်လှန်ရေးအင်အားစုများ၏ ဆွေးနွေးချက်ဖြင့် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် အထွေထွေဟူ၍ ကဏ္ဍကြီး ၄ ရပ်တွင် သဘောထား စုစည်းချက်များနှင့်အညီ ဖိုရမ်လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နိုင်ရန် ဖိုရမ်ကျင်းပပြီး တစ်လအတွင်း လုပ်ဆောင်ချက်များကို ကြေညာခြင်းဖြစ်ကြောင်း ရေးသာ’ထားသည်။

စစ်ကိုင်းတိုင်းတွင် ပိုမိုကျယ်ပြန့်သည့် အင်အားစုများ စုစည်းနိုင်ရေး၊ တော်လှန်ရေး ပိုမိုအားကောင်း လာစေရေး လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များဆိုင်ရာ အလုပ်အဖွဲ့၊ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးဆိုင်ရာ အလုပ်အဖွဲ့များကို ဖွဲ့စည်းပြီး လူထုအခြေပြု နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ခဲ့ကြောင်း စစ်ကိုင်းဖိုရမ်က ကြေညာခဲ့သည်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းရှိ မြို့နယိ ၂၈ မြို့နယ်က တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့၊ လေ့လာသူ ၃၁ ဦးတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က ပြောဆိုခဲ့သည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here